*119* ကလေးတွေကသူနဲ့မသက်ဆိုင်ဘူး

9.6K 1.6K 30
                                    

ရန်ချိုးရွှမ်က ရုန်ယိကို သူမရဲ့အခန်းထဲခေါ်သွားကာ အခန်းပတ်လည်မှာ စည်းချထားလိုက်သည်။

သူမက အခန်းပတ်လည်ကို စည်းချလိုက်တာတွေ့တဲ့အခါ ရုန်ယိမှာ သိချင်သွားရသည်။
"အမေ.. ကျွန်တော့်ကို အရေးကြီးတာတစ်ခုခု ပြောစရာရှိလို့လား "

ရန်ချိုးရွှမ်က ယင်စန်စန်ကို အောက်ချပေးလိုက်ကာ ယင်ထောင်နဲ့ ကျန်းမုတို့နဲ့အတူ ကစားခိုင်းထားလိုက်သည်။ ထို့နောက် ထိုင်ချကာ ရုန်ယိလက်ကို ဆွဲကိုင်လိုက်ပြီး
"လီယွိမြို့မှာတုန်းက ငါပြောခဲ့တာမှတ်မိသေးလား.. မင်းအသက် ၂၅နှစ်ပြည့်ရင် ပါဝင်ပစ္စည်းတွေနဲ့ အသက်ရှည်ဆေးလုံးတွေ မင်းကိုပေးမယ်ဆိုတဲ့စကားလေ.. အမှန်တော့ အဲ့အချိန်တုန်းက မင်းရဲ့ကျင့်ကြံဆင့်ကို ငါသတိမပြုခဲ့မိဘူး.. ပြီးတော့ မင်းနဲ့အတူနေတဲ့ ဒီရက်တွေမှာ မင်းရဲ့ကျင့်ကြံဆင့်ကနိမ့်နေသေးပေမဲ့လည်း မင်းကအရည်အချင်းအရမ်းရှိတာ ငါတွေ့ခဲ့ရတယ်.. ငါ့ထက်ကျင့်ကြံဆင့်မြင့်တဲ့ တပည့်နှစ်ယောက်တောင်မှ ရှိသေးတယ်.. ဒါကြောင့် ငါမင်းအတွက် အရမ်းဂုဏ်ယူတာဘဲ.."

ထို့နောက် သူမလက်က သိုလှောင်လက်စွပ်ကိုချွတ်လိုက်ကာ
"ဒါကြောင့် အခု မင်းအဖေ မင်းအတွက် ချန်ထားပေးခဲ့တာတွေကို မင်းဆီပေးဖို့အချိန်ရောက်ပြီလို့ ငါထင်တယ်"

ရုန်ယိက လက်စွပ်ကို ပြန်တွန်းပေးလိုက်ပြီး
"အမေ ဒါတွေ အမေဘဲသိမ်းထားလိုက်ပါ..ကျွန်တော် လိုတဲ့ပါဝင်ပစ္စည်းတွေကို ကျွန်တော့်ဘာသာရှာနိုင်ပါတယ်.."

ရန်ချိုးရွှမ်မှာ ရုန်ယိက သူမအပေါ်သိတတ်တာကြောင့် ပျော်ရွှင်သွားပေမဲ့လည်း လက်စွပ်ကိုတော့ သူ့လက်ထဲကို ပြန်ထည့်ပေးလိုက်သည်။
" ငါ ရုန်ဝေ့ယိဆီကရတဲ့ ဘာပစ္စည်းကိုမှ မလိုချင်ဘူး.. မင်းအဖေက မင်းအတွက် ပစ္စည်းအတော်များများချန်ထားပေးခဲ့တယ်..ပြီးတော့ အထဲမှာ နောက်ထပ်လက်စွပ်နှစ်ကွင်းလည်းရှိပြီး ပါဝင်ပစ္စည်းတွေအများကြီးရှိသေးတယ်..ပြီးတော့..."

သူမက ဆေးလုံးတစ်ပုလင်းကို ထုတ်ကာ ရုန်ယိကိုပေးလာသည်။
"ဒါက မင်းအဖေ မင်းအတွက်ချန်ထားပေးခဲ့တဲ့ အသက်ရှည်ဆေးလုံးတွေဘဲ.. ဖွင့်ကြည့်လိုက် "

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now