*121* ကျွန်တော်ကကိုယ်ဝန်ရနိုင်သေးတာလား

10K 1.6K 17
                                    

ယင်ကျင်းရဲ့ ထွက်သွားပြီးတာနဲ့ ရုန်ယိက အခန်းထဲမှာဘဲနေပြီး စောင့်နေပေမဲ့ မနက်နှစ်နာရီလောက်ဖြစ်နေတာတောင်မှ သူကပြန်ရောက်မလာသေးပေ။ ယင်ကျင်းရဲ့များ ဒုက္ခရောက်နေလားဆိုပြီး ရုန်ယိမှာ စိုးရိမ်စွာနဲ့ ထိုင်လိုက် ထလိုက်ဖြစ်နေ၏။

"ဖေဖေ..ဘာလို့မအိပ်သေးတာလဲ..နေမကောင်းလို့လား.."
ကျန်းမုက လေထဲမှာပျံနေရင်းနဲ့ မေးလာသည်။

"ဖေဖေက မင်းတို့အဖေကို စောင့်နေတာပါ"
ရုန်ယိ သူ့ခေါင်းလေးကိုပွတ်ပေးလိုက်ပြီး
"နောက်ကျနေပြီ.. မင်းညီလေးတွေနဲ့အတူ သွားအိပ်တော့လေ"

ကျန်းမုက တစ်ကယ်တော့ အိပ်ဖို့မလိုပေမဲ့ သူကခေါင်းလေးငြိမ့်ပြလာသည်။ ထို့နောက် ယင်ထောင်ဘေးကို ပျံသွားပြီး လှဲချလိုက်၏။ ယင်ထောင်က စောင်ကိုကန်ထုတ်ပြီးပွင့်သွားအောင်လုပ်လိုက်တာကြောင့်  ရုန်ယိသူတို့ကိုလုပ်ပေးတဲ့အတိုင်း စောင်ကိုသေချာလေးပြန်ဖုံးပေးလိုက်သည်။

ဒီတော့မှ ရုန်ယိလည်း တစ်ဖက်ပြန်လှည့်ကာ တံခါးဆီကိုလျှောက်သွားလိုက်သည်။ ရုတ်တရက် အရိပ်တစ်ခုက အခန်းထဲဝင်လာတာတွေ့လိုက်ရတာကြောင့် သူအလွန်ဝမ်းသာသွားရပြီး တစ်ကယ်ကြီး ယင်ကျင်းရဲ့မှန်းသိလိုက်တာနဲ့ သူ့ဆီအမြန်လျှောက်သွားကာ လက်ကိုသွားဆွဲလိုက်ကာ
"ခင်ဗျား ဘာလို့အရမ်းကြာနေရတာလဲ.. အဆင်ပြေရဲ့လား..ဒဏ်ရာရလာသေးလား.."

ရုန်ယိက သူ့ခန္ဓာကိုယ်အကြောင်းတွေကို နောက်ပို့ထားတာ သူ့ဘေးကင်းမကင်းကို အရင်ဆုံးစိတ်ပူပေးတာကို တွေ့လိုက်ရတာကြောင့် ယင်ကျင်းရဲ့မှာ နှုတ်ခမ်းတွေကွေးတက်သွားရသည်။
"အင်း.. ကိုယ်အဆင်ပြေတယ်"

"ဒါဆို ပြန်လာတာ ဘာလို့အရမ်းနောက်ကျနေရတာလဲ..တစ်ခုခုနဲ့များ တွေ့ခဲ့ရလို့လား.."

သူတို့ အခန်းထဲဝင်လိုက်ကြပြီးမှ ယင်ကျင်းရဲ့ကပြောလာသည်။
"မင်းရဲ့ ခန္ဓာကိုယ် ပျောက်သွားပြီ"

"အာ..."
ရုန်ယိ မျက်မှောင်ကြုတ်သွားပြီး
"ပျောက်သွားပြီ.... အဲ့တာ ကျွန်တော့် ဆရာတူအစ်ကိုကြီး နေရာရွှေ့ထားလိုက်တာများလား.."

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now