အပိုင်း(၂)

1.4K 131 3
                                    

Unicode

ရှောင်းသခင်ငယ်လေးဟာယခုသူထွက်ပြေးလာခဲ့သောနန်းဆောင်ထဲပြန်လည်ရောက်ရှိနေပြီး၊ သူနိုးထလာခဲ့ရသောကုတင်ပေါ်တွင်ပြန်လှဲနေရလေသည်။သူ့ဘေးမှာတော့စိုးရိမ်တကြီးနဲ့ကြည့်ရှုနေသောဧကရာဇ်ရှိနေပြီး ယခုသူ့မှာတော်ဝင်သမားတော်ကြီးရဲ့စစ်ဆေးမှုကိုခံယူနေရခြင်းဖြစ်သည်။။

သူရေလေးပဲနစ်ခဲ့တာပါ သူနိုးလာတာနဲ့လောကကြီးကဒီလိုမျိုးဇောက်ထိုးမိုးမျှော်တွေ ဘယ်လိုကြောင့်များဖြစ်သွားခဲ့ရတာလဲ...။

ပြီးတော့ ဒီကောင် မင်းကဘာ့လို့အဲ့လောက်ဝမ်းနည်းနေရတာလဲ  ငါဝမ်းနည်းဖို့လည်းထားပါအုံးဟ!!

သမားတော်အားကျော်ကြည့်လိုက်တော့ အထိန်းတော်တစ်ယောက်ချီထားတဲ့ ဝိုင်းပြီးကြီးမားတဲ့မျက်လုံးတွေနဲ့ပါးဖောင်းဖောင်းကြီးတွေရှိတဲ့ဝတုတ်တုတ်နှစ်နှစ်အရွယ်ကလေးလေးကိုမြင်လိုက်ရသည်။လက်ထဲမှာပလုတ်တုတ်ကစားစရာလေးကိုကိုင်ထားပြီး၊ သူကြည့်နေတာကိုမြင်တော့လက်လေးတကားကားနဲ့အသံစုံထွက်ကာ သူ့ဆီလာချင်နေတဲ့ပုံပင်။

အထိန်းတော်မှာထိုဝတုတ်အားမနည်းထိန်းနေရလေသည်။
ရှောင်းကျန့်သူ့ရင်ထဲမှဖြစ်ပေါ်လာတဲ့ခံစားချက်ကိုလစ်လျူရှုလိုက်ပြီးအမြန်အကြည့်လွှဲပစ်လိုက်သည်။

တော်ဝင်သမားတော်အိုကြီးက လက်ကောက်ဝတ်ကိုစမ်းသပ်နေရာမှခေါင်းတညိမ့်ညိမ့်နဲ့ စိတ်ကျေနပ်သလိုပြုံးလိုက်ပြီးသူ၏လက်ကိုပြန်ရုတ်လိုက်သည်။သူကဧကရာဇ်အရှင်ဘက်လှည့်ကာ

"အရှင်.. မယ်မယ်ကလုံးဝသက်သာနေပါပြီ စိုးရိမ်စရာမရှိတော့ပါဘူးဘုရား"

ဧကရာဇ်ကသက်မချလိုက်ပြီးစိတ်ပျော်သွားပေမယ့် တစ်ခုရှိသေးတာကြောင့် သူကသမားတော်ကြီးကိုအဓိပ္ပါယ်ပါပါအကြည့်တစ်ချက်ပေးလိုက်သည်။တော်ဝင်သမားတော်ကြီးကဘုရင့်အပါးလုပ်သက်အရင့်ဆုံးဝန်ထမ်းတွေထဲမှတစ်ယောက်ဖြစ်တာကြောင့်သူကချက်ချင်းပဲနားလည်သည်။ သူက စိတ်ရှုပ်နေတဲ့မျက်နှာနဲ့တိတ်ဆိတ်စွာလှဲလျောင်းနေတဲ့မိဖုရားကြီးအားကြည့်ကာ

ငါနိုးလာပြီးနောက် ငါ့မှာယောက်ျားနဲ့ကလေးရှိနေပြီWhere stories live. Discover now