အပိုင်း (၄)

1.1K 111 5
                                    

Unicode

နေ့အချိန်ကပူပြင်းသလောက်ညဘက်မှာလည်း၄င်းနည်းအတိုင်းပင်။ နွေရာသီဟာခုလောက်ထိပူတတ်မှန်းရှောင်းကျန့်ယခုသိခဲ့ရပေပြီ။

သူ့မှတ်ဉာဏ်ထဲမှာတော့ လွမ်ယိမြစ်ကမ်းမှာတိုက်ခိုက်နေကြတဲ့လူငယ်လေးနှစ်ယောက်ရဲ့ပုံရိပ်ပင်မပျောက်သေးပေ။ လုံးဝလတ်လတ်ဆတ်ဆတ်ကြီးပင်။ ယခုသူ့ရှေ့မှ ပို၍ရင့်ကျက်တည်ငြိမ်နေသော ပို၍ကြည့်ကောင်းကာယောက်ျားဆန်ပြီးတစ်လောကလုံးကိုတောင်ခြိမ်းခြောက်နိုင်တဲ့အရှိန်အဝါတွေဖြင့် ဝမ်ရိပေါ်အားမမြင်နေရဘူးဆိုလျှင် ဒါကြီးတစ်ခုလုံးကိုအိပ်မက်တစ်ခုဟုသာထင်မှတ်နေမိလိမ့်မည်။

ဝမ်ရိပေါ်ရဲ့ပုံသဏ္ဍာန်ကသူ့ကိုအိပ်မက်မဟုတ်မှန်းပြောပြနေသလိုပင်။ ရှောင်းကျန့် အရမ်းကိုတက်ကြွပျော်ရွှင်စွာသူ့ပန်းကန်ထဲဟင်းတွေထည့်ပေးနေသောငယ်သူငယ်ချင်းဧကရာဇ်အားအမြင်ကပ်လှပေမယ့် မြင်ကွင်းထဲမှအရသာရှိမည့်ပုံပေါ်သောစားစရာတွေကြောင့် ဧကရာဇ်အားလစ်လျူရှုလိုက်ပြီး စားစရာအပေါ်၌သာအာရုံစိုက်လိုက်တော့သည်။

ရှောင်းကျန့်ကအစာစားရင်ဘယ်တော့မှစိတ်မပါတပါမစားဘူး သူကအားပါးတရကိုအားလုံးနီးပါးကုန်အောင်စားသောက်ပစ်လိုက်လေသည်။ သူနိုးလာလာချင်းကလည်းမယုံနိုင်စရာဖြစ်ရပ်အားကြုံတွေ့လိုက်ရပေမယ့် ရှောင်းကျန့်ကစိတ်ညစ်စွာပဲထမင်းဟင်းတွေအားလုံးပြောင်အောင်စားပစ်ခဲ့သေးသည်။ ယခုလို အခြေအနေအရပ်ရပ်အားလုံးဝနားလည်သွားတဲ့အချိန်မှာလည်း သူ့စိတ်တွေကပါရှင်းလင်းလို့နေလေရာ ပို၍ပင်စားကောင်းသောက်ကောင်းနေတော့သည်။

ဝမ်ရိပေါ်ဟာဟင်းအားလုံးကုန်စင်အောင်စားသောက်နေတဲ့၁၆နှစ်သားမှတ်ဉာဏ်နဲ့ရှောင်းကျန့်အားကြည့်၍အလွန်ပင်ကျေနပ်နေလေသည်။

သတိမမေ့ခင်ကရင့်ကျက်တည်ငြိမ်ပြီးနွေးထွေးတဲ့ရှောင်းကျန့်အား ယခုတော့မရင့်ကျက်သေးတဲ့ဆတ်ဆတ်ကြဲချာတိတ်လေးအသွင်ပြန်မြင်ရတော့မည်မို့ ဝမ်ရိပေါ်စိတ်ထဲပျော်ရွှင်မိသလိုဝမ်းလည်းနည်းမိသည်။ အရင်တုန်းကရှောင်းကျန့်ကသူ့ကိုမချစ်သေးဘူးလေ သူဘယ်လိုလုပ်အပြည့်အဝပျော်ရွှင်နိုင်မှာလဲ။

ငါနိုးလာပြီးနောက် ငါ့မှာယောက်ျားနဲ့ကလေးရှိနေပြီWhere stories live. Discover now