အပိုင်း (၆)

912 87 5
                                    


Unicode

နေ့လည်ရောက်တော့နန်းတော်ဥယျာဥ်ထဲမှရှောင်းသားအဖဟာပြန်လာခဲ့ကြသည်။ သူတို့ဗိုက်ဆာနေကြပြီလေ..
ရှောင်းကျန့်သွားနေရင်းငုတ်တုတ်ထိုင်ချလိုက်ပြီး ဝမ်ရုန်ရဲ့နှာခေါင်းလေးကိုတို့ပြီးမေးလိုက်သည်။
"ရုန်အာ နေ့လည်စာကိုဘာစားချင်လဲ"

ဝမ်ရုန်ကချက်ချင်းပဲတက်ကြွစွာဖြင့်လက်ခုပ်နှစ်ဖက်တီးကာထအော်လေသည်။ "ဟော့ဟော့"

"ဟမ်?"

ရှောင်းကျန့်ရဲ့နားမလည်တဲ့မျက်နှာကြောင့် အထိန်းတော်ရင်ကကိုယ်ကိုကျို့ပြီးခေါင်းငုံ့ကာလျှောက်တင်လေသည်။

"မယ်မယ်.. အိမ်ရှေ့စံမင်းသားလေးကမယ်မယ်ချက်ကျွေးတဲ့ဟော့ပေါ့ကိုစားချင်ပါတယ်တဲ့"

ရှောင်းကျန့်ဘာသာပြန်ပေးတဲ့အထိန်းတော်ရင်အားအေးစက်စွာကြည့်လိုက်ပြီး

"ဒီတိုင်းသခင်လေးလို့ခေါ်ဖို့ပြောထားတယ်လေ ခေါင်းပြတ်ချင်နေတာလား"

အထိန်းတော်ရင်ကခဏတောင့်ခဲသွားပြီးမှ သူတို့မယ်မယ်ယခုထိနေမကောင်းသေးတာကိုသတိရသွားတာကြောင့် စိတ်သက်သာသွားပြီးအမြန်တောင်းပန်လိုက်ရသည်။ ရှောင်းကျန့်ကတောင်းပန်တာကိုဂရုမထားတော့ဘဲဝမ်ရုန်လေးကိုပြန်ကြည့်ကာ

"ဟော့ပေါ့လားကောင်းတာပေါ့..
ဒါပေမယ့် အဲ့ဒါစားဖို့မင်းကငယ်သေးတယ်"

"....."

"ထားလိုက်တော့ ငါတို့စားဖိုဆောင်ကချက်ကျွေးတာပဲစားကြရအောင်"

"ဟုတ်ကဲ့"

"အဟက် လိမ္မာတဲ့ကောင်လေး"

ရှောင်းကျန့် ဝမ်ရုန်အားချီလိုက်ပြီးပါးဖောင်းဖောင်းကြီးအားနှာခေါင်းနစ်ဝင်တဲ့အထိနမ်းရှုပ်ပြီးမှအထိန်းတော်ရင်လက်ထဲလွှဲပေးလိုက်သည်။ အဲ့ဝတုတ်ကောင်ကိုချစ်ပေမယ့် သူမချီနိုင်ဘူး။ ရှောင်းကျန့်က ကလေးတွေကိုချစ်တဲ့အထဲမပါဘူး သူက ကလေးဆိုရင်စိတ်ရှုပ်စရာလို့ပဲမြင်တာ သို့ပေမယ့်ဒီအလိမ္မာတုံးဝတုတ်ကောင်ကိုတော့သူချစ်သည်။

ယခင်ရက်တွေကကတိတ်ဆိတ်ငြိမ်သက်နေသောလုချီအဆောင်ဟာယခုမှအသက်ဝင်လာခဲ့လေပြီ။ စိမ်းလန်းလှပတဲ့သစ်ပင်တွေဟာလည်းအိမ်တော်သို့ဝင်ရာလမ်းတစ်လျှောက်တသီတတန်းရှိနေပြီး ခြံထဲမှာလေကောင်းလေသန့်ရသလိုအေးချမ်းဆိတ်ငြိမ်လှသည်။ ရှောင်းကျန့်ကရေပြာရောင်ဝတ်စုံဖြင့်တော်ဝင်ဆန်နေပြီး လေအဝှေ့မှာ နဖူးရှေ့မှဆံစတို့ဟာဝေ့ဝဲသွားသေးသည်။ ရိုးရှင်းစွာလှပနေသောအလှတရားကသဘာဝတရားကြီးကပင်အရှုံးပေးရလောက်မည်။အဆောင်တော်ရှေ့မှရေကန်ကြီးထဲတွင်လှပစွာပွင့်လန်းနေသောကြာမျိုးစုံရှိလေသည်။

ငါနိုးလာပြီးနောက် ငါ့မှာယောက်ျားနဲ့ကလေးရှိနေပြီWhere stories live. Discover now