အပိုင်း (၈)

769 65 4
                                    

Unicode

ကြယ်ရောင်တို့သာရှိသောညကောင်းကင်မှာလကွယ်ညမို့လရောင်ပင်ရှိမနေချေ။ တိတ်ဆိတ်နေတဲ့ညဥ့်လယ်မှာ မြင်းတစ်ကောင်ပြေးလွှားနေတဲ့အသံတွေဟာထွက်ပေါ်နေတယ်။ လူတစ်ယောက်နှင့်မြင်းတစ်ကောင်ဟာ စိမ်းစိုနေတဲ့မြက်ခင်းပြင်ကြီးကိုဖြတ်သန်းအပြီး ထိုဘက်မှာတစ်ခုနဲ့တစ်ခုပူးကပ်နေသောမိုးထိမြင့်တဲ့ကျောက်တိုင်ကြီးနှစ်တိုင်ရှေ့မှာရပ်တန့်သွားလေသည်။ မြင်းစီးလာတဲ့ယောက်ျားပျိုဟာဝါးခမောက်ကိုဆောင်းထားပြီးအဝတ်စတစ်ခုနဲ့လည်းသူ့မျက်နှာကိုအုပ်ထားသေးသည်။ လက်ကိုင်တွင်ကျောက်မျက်ရတနာတစ်ခုဖြင့်အလှဆင်ထားသောလက်စွဲတော်ဓါးကိုကိုင်၍မြင်းပေါ်မှဆင်းကာ ထိုကျောက်တိုင်နှစ်ခုကြားတွင်ရပ်လိုက်သည်။ ယောက်ျားနှုတ်မှတစ်စုံတစ်ခုကိုရွတ်ဆိုလိုက်သည့်အချိန် မြေကြီးဟာတုန်လှုပ်လာပြီးကျောက်တိုင်နှစ်ခုဟာအလိုအလျောက်ခွာသွားလေသည်။ ၄င်းဟာဝင်ပေါက်တစ်ခုသာဖြစ်ပြီး အထဲတွင်ဆန်းကြယ်သောကမ္ဘာသစ်တစ်ခုတည်ရှိနေသည့်အလား။

ယောက်ျားပျိုကမြင်းကိုအပြင်မှာထားခဲ့ပြီးအထဲသို့ဝင်သွားသည်။ ၄င်းဝင်သွားသည်နှင့်ကျောက်တိုင်နှစ်ခုဟာမူလအတိုင်းပြန်လည်ပူးကပ်သွားလေသည်။

ချောက်ကမ်းပါးတစ်ခုအရောက်တံတားတစ်စင်းဟာအလိုအလျောက်ပေါ်လာလေသည်။တံတားအောက်မှာအဆုံးမရှိတဲ့ချောက်ကြီးရှိနေပြီးရေတွေအတားအဆီးမဲ့ကျနေတဲ့ရေတံခွန်တစ်ခုလည်းရှိသေးသည်။ တံတားတစ်ဖက်မှာတောအုပ်ရှိနေပြီး အရောင်မျိုးစုံရှိသောပန်းပင်ပေါင်းများစွာဟာလည်း အမှောင်ယံညလယ်အရောင်တလက်လက်တောက်ပနေသေးသည်။ ၄င်းဟာမှော်ဆန်မှုများစွာနဲ့ပြည့်နှက်နေသောတောအုပ်ကြီးဖြစ်ပြီး မယုံနိုင်စရာကောင်းလှတဲ့အစွမ်းမျိုးစုံနဲ့ဆေးပင်တွေသန်းပေါင်းများစွာရှိသည်။ ဆေးဆရာများနှင့်သိုက်တူးသမားများရှာဖွေနေကြသောနေရာတစ်ခုပင်။ တောအုပ်ကလျှို့ဝှက်စွာတည်ရှိနေတာမို့မည်သူမျှရှာမတွေ့ကြပေ။ ရှာတွေ့သောလူအနည်းစုဟာလည်းတောအုပ်ထဲရောက်ပြီးသည်နှင့်ဘယ်တော့မှပြန်မလာနိုင်ကြပေ...။

ငါနိုးလာပြီးနောက် ငါ့မှာယောက်ျားနဲ့ကလေးရှိနေပြီWhere stories live. Discover now