*122* ဒါနင်ငါတို့အပေါ်တင်နေတဲ့အကြွေးဘဲ

9.3K 1.6K 38
                                    

ရုန်ယိက သူတို့ကိုနှုတ်လည်းမဆက်သလို အစေခံတွေကို လက်ဖက်ရည်ချပေးဖို့လည်းမပြောတာကြောင့် ရုန်ယွမ်ယင်းမှာ မျက်နှာမည်းမှောင်သွားရသည်။
"ရုန်ယိ ဒါ ကိုယ့်ထက်အကြီးတွေအပေါ်ထားတဲ့ နင့်ရဲ့အပြုအမူလား.. ကိုယ့်အဒေါ်ကို ဒီလိုပုံစံနဲ့စကားပြောတာလား.."

ဝေ့ဝမ်ရှောင်းက ထိုင်ချလိုက်ပြီး
"မင်းရဲ့ အစေခံတွေအကုန်လုံးသေကုန်ကြပြီလား.. ဘာလို့ မင်းဧည့်သည်ကို ဧည့်ခံဖို့အတွက် အစေခံတစ်ယောက်မှ ထွက်မလာရတာလဲ"

လက်ဖက်ရည်အသစ်လာလဲပေးတဲ့ ရုန်ဟွမ်က သူတို့ရဲ့ ဘဝင်လေဟပ်နေတဲ့ပုံတွေကိုတွေ့လိုက်တဲ့အခါ အသစ်ယူလာတဲ့လက်ဖက်ရည်ကိုခြံဝန်းထဲ သွန်ချလိုက်ပြီး ပြန်ထွက်သွားတော့သည်။

ဝေ့ဝမ်ရှောင်းမှာ မျက်နှာကြီးမည်းသည်းသွားရပြီး
"ရုန်ယိ.. မင်း ဘယ်လိုအစေခံမျိုးတွေကိုကျွေးမွေးထားလဲဆိုတာ ကြည့်စမ်း!... ငါတို့ကိုတောင် လုံးဝမျက်လုံးထဲမထည့်ဘူး"

ရုနိက သူတို့ကို ပျင်းရိပျင်းတွဲ့လေသံနဲ့ ပြန်မေးလိုက်သည်။
"ဒီတော့ ခင်ဗျားတို့ ဒီနေ့ ဒီကိုရောက်လာကြတာက ခင်ဗျားတို့အပေါ် ကျွန်တော့်ရဲ့အပြုအမူသဘောထားနဲ့ ကျွန်တော့်အစေခံတွေရဲ့ သဘောထားကို တွေ့ချင်ကြလို့လား.."

သူ့စကားတွေကြောင့် သူတို့ဒီနေ့ ဒီကိုဘာလာလုပ်တာလဲဆိုတာကို ရုန်ယွမ်ယင်းပြန်သတိရသွားသည်။

သူမက ထိုင်ချလိုက်ပြီး
"မင်းက မွမ်းမံခြင်းအင်းကွက်တွေလုပ်နိုင်တယ်လို့ ကြားထားတယ်.. ဒါကြောင့် ငါတို့အတွက် မွမ်းမံခြင်းအင်းကွက်တစ်အချို့လောက် မင်းကိုလုပ်ပေးစေချင်လို့ လာကြတာ... အများကြီးမဟုတ်ပါဘူး.. အဆင့်တစ်ခုစီက ဆယ်ခုလောက်ပါဘဲ.. ပြီးတော့ အဲ့တာတွေကို ငါ ဒီနေ့လိုချင်တယ်"

ရုန်ယိက လုံးဝလက်ခံတဲ့ပုံနဲ့ပြန်ပြောလိုက်သည်။
"ကောင်းပြီလေ... ပြဿနာမရှိဘူး"

ဒီစကားကြားတဲ့အခါ ရုန်ယွမ်ယင်းနဲ့ ဝေ့ဝမ်ရှောင်းတို့မှာ မျက်လုံးတွေ တောက်ပလာကြပြီး တစ်ယောက်နဲ့တစ်ယောက် ရွှင်မြူးစွာနဲ့ လှမ်းကြည့်လိုက်ကြသည်။ သူမသာ ရုန်ယိကို မွမ်းမံခြင်းအင်းကွက်တွေလုပ်ပေးဖို့ပြောခဲ့ရင် သူမငြင်းရဲပါဘူးလို့ သူမပြောခဲ့သားဘဲ..။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now