*123* ငါမင်းကိုလက်ထပ်မယ်

9.7K 1.6K 38
                                    

ယင်ဖုန်းရဲ့အဖေမှာ အံ့အားသင့်စွာနဲ့ ခြံဝန်းထဲမှာ တစ်ပတ်ပတ်ကာလိုက်ကြည့်လိုက်သည်။
" ဒီနေရာက ဝိညာဥ်ချီတွေက ငါတို့သွေးသားရဲကျေးရွာရဲ့ အတွင်းဆုံးပိုင်းမှာထက်တောင်မှ ပိုသန့်စင်ပြီး ပိုသိပ်သည်းသေးတယ်"

ဝမ်းနည်းစရာကောင်းစွာနဲ့ သူတို့က အဆင့်နိမ့်သားရဲလေးတွေသာဖြစ်တာကြောင့်မလို့ ကျေးရွာအတွင်းပိုင်းထဲကို ဝင်ရောက်နိုင်စွမ်းမရှိကြပေ။ ဒါကြောင့် သူတို့ရဲ့ ကျင့်ကြံနှုန်းက အတော်လေး နှေးကွေး၏။ ပြီးတော့လည်း အသွင်ပြောင်းလဲမှုအဆင့်ကိုနီးကပ်လာတဲ့အချိန်မှာ သူတို့အတွက် အလွန်အန္တရာယ်များလှသည်။ သူတို့ကိုယ်က ကြံ့ခိုင်မှုနည်းပါးလှတာကြောင့် မိုးကြိုးစမ်းသပ်ချက်တွေကို လုံးဝခံနိုင်ရည်မရှိပေ။ လေရိုင်းခြင်အကောင်တစ်သိန်းမှာ တစ်ကောင်လောက်က ဒါကိုအောင်မြင်သွားခဲ့ရင်တောင်မှ တော်တော်လေးကောင်းနေလေပြီ။

ယင်ဖုန်းနဲ့လန်လျှို့တို့လည်း ပါးစပ်အဟောင်းသားနဲ့ ပတ်ပတ်လည်ကိုလိုက်ကြည့်နေကြသည်။
"ဒီနေရာက ဝိညာဥ်ချီတွေက ယင်အိမ်တော်မှာတုန်းထက်ကတောင်မှ ပိုသိပ်သည်းသေးတယ်ဟ"

ယင်ဖုန်းရဲ့အဖေ "....."

အစကတော့ သူ့သားက စိတ်ညှို့ခံထားရတာတွေ ဘာတွေကြောင့် သူ့ကိုလိမ်ပြောနေတယ်လို့ဘဲ သူထင်ခဲ့တာဖြစ်သည်။ အခု သူကိုယ်တိုင် မျက်စိနဲ့တပ်အပ်မြင်လိုက်ရတဲ့အခါမှာတော့ သူ့မျိုးနွယ်စုတွေအကုန်လုံးကို ဒီနေရာကိုသာ ခေါ်လာလိုက်ချင်တော့၏။

ရုန်ယိက
"သက်တောင့်သက်သာသာနေပါ..နည်းနည်းတော့ ဂရုစိုက်မှရမယ်..အိမ်တော်ထဲမှာ အစီအရင်တွေချထားတယ်..ဒါကြောင့် ဘယ်ဟာကိုမှ သာမန်ကာသျှံကာ လျှောက်မကိုင်ကြနဲ့ပေါ့.. ထွက်သွားချင်တယ်ဆိုရင် အိမ်တော်ထိန်းကိုပြောလိုက်ပါ..သူက. ထွက်ရမဲ့လမ်းကို လိုက်ပြလိမ့်မယ်.."

လေထဲမှာ ဟိုဟိုဒီဒီပျံသန်းကြည့်ပြီးနောက် ယင်ဖုန်းရဲ့အဖေက ပြောလာသည်။
"လဝက်လောက်ဆိုရင် ငါက အသွင်ပြောင်းလဲမှုအဆင့်ကိုရောက်တော့မှာ..အကယ်၍ မင်းသာ ငါ့ရဲ့မိုးကြိုးစမ်းသပ်မှုကိုဖြတ်ကျော်နိုင်အောင် ကူညီပေးနိုင်မယ်ဆိုရင် ငါဒီမှာနေပြီး...ငါ့အပေါင်းအဖော်တွေကိုလည်း ဒီကိုလာဖို့ နားချပေးမယ်.. ဘယ်လိုလဲ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now