*124* ယောက်ျားတစ်ယောက်ဖြစ်ရတာခက်ခဲလိုက်တာ

9K 1.6K 65
                                    

သခင်မကြီးဆီကစာ လို့ကြားလိုက်တာနဲ့ ရုန်ယိက ယင်ကျင်းရဲ့ပုခုံးပေါ်ကို အမြန်မှီချလိုက်ကာ
"ကျွန်တော့် ယောက္ခမက ခင်ဗျားကို စာထဲမှာဘာတွေရေးပေးလိုက်လဲ ကြည့်ရအောင်"

ယင်ကျင်းရဲ့ "....."

ရုန်ယိက အခုမှအသစ်စက်စက် လက်ထပ်ထားတဲ့ဇနီးလေးလိုမျိုး သခင်မကြီးကို ယောက္ခမလို့ ခေါ်တာကြားလိုက်ရတဲ့အခါ ရှင်းဟယ်မှာ ရယ်ချင်သွားရသည်။ ဒီရက်တွေမှာ ရုန်ယိက သခင့်အရှေ့မှာဆို ပိုပိုပြီး အထိန်းအကွပ်မဲ့လာသလို သခင်ကလည်း ရုန်ယိကို ပိုပိုပြီး အလိုလိုက်လာလေသည်။

ထိုနှစ်ယောက်ကိုဆီမှာဘဲ သူ့အကြည့်တွေရစ်ဝဲနေမိသည်။ သခင်ပုံစံက အရင်ကနဲ့ မကွဲပြားသွားပေမဲ့ သူတို့နှစ်ယောက်က အရင်ကထက်ပိုပြီး တရင်းတနှီးဖြစ်လာပြီး တစ်ကယ့်စုံတွဲနဲ့တူလာတာကို သူရှင်းရှင်းလင်းလင်းကို ခံစားနေရ၏..အိုး..မဟုတ်သေးဘူး... စုံတွဲဟောင်းတွေနဲ့ ပိုတူနေတာ...။

ထို့နောက် ယင်ကျင်းရဲ့က ထိုင်ချလိုက်ပြီး စာကိုဖွင့်လိုက်သည်။

ရုန်ယိ စာကိုအမြန်ဖတ်ကြည့်လိုက်၏။ စာထဲမှာပြောထားတာတွေက ရိုးရိုးရှင်းရှင်းလေးပါဘဲ.. ဒီတစ်ခေါက်တော့ ချီလန်က အတော်အစွဲအလမ်းကြီးနေပြီး သူ ယင်ကျင်းရဲ့ကလွဲပြီး ဘယ်သူ့ကိုမှလက်မထပ်ဘူးလို့ သခင်မကြီးကို ထပ်ခါထပ်ခါပြောနေလေသည်။..ချီလန်က ယင်မိသားစုရဲ့အကြီးအကဲတွေဆီကိုလည်း စာရေးပြီး ယင်မိသားစုကသာ ချီမိသားစုနဲ့ လက်ထပ်ပြီးပူးပေါင်းမယ်ဆိုရင် ယင်မိသားစုကို အကျိုးအမြတ်ရအောင် သူတို့နဲ့ပူးပေါင်းမယ်လို့ ကတိပေးခဲ့၏။.. ယင်မိသားစုက အကြီးအကဲတွေကလည်း ဒါမျိုးကိုသေချာပေါက်ကို တွေ့မြင်ချင်နေတာဖြစ်တာကြောင့် သူတို့တွေအကုန်လုံးက သခင်မကြီးဆီလာပြီး ယင်ကျင်းရဲ့ကိုဖျောင်းဖျပေးဖို့ ပြောကြားခဲ့ကြလေသည်။ သခင်မကြီးက ချီလန်က သူမသားကို လုံးဝမချစ်ဘူးဆိုတာနဲ့ သူမသားကလည်း ချီလန်ကို ဆရာတူအစ်ကိုတစ်ယောက်အနေနဲ့သာ သဘောထားတာကို သိလေသည်။ ဒါကြောင့် ဆရာသခင်ကွေ့ရိကို ဒီအကြံကိုစွန့်လွှတ်လိုက်ဖို့ ချီလန်ကို ဖျောင်းဖျပေးပါဟု စာရေးလိုက်ပေမဲ့.. ဆရာသခင်ကွေ့ရိဆီက ပြန်စာအစား.. ယင်ကျင်းရဲ့ကို နှစ်သစ်ကူးပြီးရင် လက်ထပ်ဖို့ တိုက်တွန်းထားတဲ့ ချီလန်ရဲ့စာကသာ အရင်ရောက်ရှိလာလေသည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now