အပိုင်း ၂

2.4K 116 6
                                    

🌈 🌈 ဦးကိုချစ်တဲ့ကောင်လေး 🌈🌈
            🌈🌈    အပိုင်း ၂ 🌈🌈

    ___________________________

ညနေရောက်သော်အခါ ဦးနှင့်အတူ မပန်းရတနာအိမ်သို့ထွက်လာခဲ့လိုက်သည် ။

မပန်းရတနာအမေက အလွန်သဘောကောင်းသည့်အမျိုးသမီးတစ်ဦးပင် ။ အမျိုးသားဖြစ်သူက လွန်ခဲ့သည့်နှစ်အနည်းငယ်လောက်က ဆုံးပါးသွားသည် ။

ဦးကိုသေချာကြည့်မိနေ၏။ ရှပ်အင်္ကျီအပြာကွက် နှင့် ဦးဂျမ်းပုဆိုးကိုဝတ်ဆင်ထားသည်။ ဆံပင်ကတော့ ညှပ်ထား၍ ဦးရဲ့မျက်နှာသည်ထင်ပေါ်နေ၏။ ဦးရဲ့မျက်လုံးတွေကို အပြုံးအရမ်းသဘောကျသည် ။

ဦးကိုစိုက်ကြည့်နေသည်ကို ဦးသတိထားမိပုံမပေါ်ပါ။

" ဦး "

" ပြောလေ အပြုံး "

ဦးရဲ့ခပ်သြသြ ရှ သံလေးက ' အပြုံး ' ဟူသောနာမည်လေးခေါ်လိုက်လျှင်အပြုံးရင်ထဲဘယ်လိုဖြစ်သွားမှန်းမသိပေ ။ ပျော်သွားသည်လား ။

" ဟိုလေ ဦးအရင်ကအကြောင်းအရာတွေကိုမှတ်မိပြီလားဟင် "

အပြုံးရဲ့အမေးကို ကျွန်တော်ဘယ်လိုဖြေရမည်နည်း ။ ကျွန်တော်ဟာ သတိမရသေးပါဘူး ။ ကိုယ့်ရဲ့နာမည်ကို တောင်မ မှတ်မိသည့်ဘဝမျိုး ။ ကောင်လေး၏ လူညိုချောဟုခေါ်ဆိုမှုကြောင့် ကျွန်တော့်နာမည်လူညိုချော ဖြစ်နေသည် ။

" အပြုံးက ကိုယ် သတိရရင် ကိုယ့်ကိုပြန်စေချင်တာလား "

ဘယ်လိုပြောလိုက်တာလဲ ဥိးရယ် ။
အပြုံးက မပြန်စေချင်ပါဘူး ။ ဦးမှာလည်း ဦးမိသားစုဆိုတာရှိမှာပဲလေ ။ ဦးသတိပြန်ရ ရင် အပြုံးတို့ကိုမေ့သွားမှာတော့အပြုံးကြောက်မိတယ် ။

" ဒီတိုင်းပဲမေးလိုက်တာပါ ဦးရဲ့ ဦးကိုမပြန်စေချင်ပါဘူးနော် "

" အွန်းပါ ကောင်လေးရဲ့ "

လမ်းလျှောက်ရင်းလျှောက်ရင်းနှင့်မပန်းရတနာတို့အိမ်ရှေ့သို့ရောက်လာခဲ့လေပြီ ။
မပန်းရတနာသည် အပြုံးတို့လာသည်ကိုမြင်၍ထွက်ကြိုလာလေ၏။

" အပြုံးတို့လာပြီလား အစ်မ ကမျှော်နေတာ "
အပြုံးနာမည်ကိုခေါ်နေပေမယ့် အကြည့်တွေက ဦးဆီမှာသာ ။ အပြုံးကိုမျှော်နေတာလား ။ ဦးကိုမျှော်နေတာလားဟင် ။

ဦးကိုချစ်တဲ့ကောင်လေးWhere stories live. Discover now