🌈 ဦးကိုချစ်တဲ့ကောင်လေး 🌈
🌈 အပိုင်း ၄ 🌈
___________________________
အပြုံး ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့ ရောက်ခဲ့ပြီ ။
အောင်စာရင်းထက် ဦးကိုအဖြေပြန်ပေးရမှာ စိတ်လှုပ်ရှားနေမိသည် ။ယခုအောင်စာရင်း ကိုသွားကြည့်မည်။ ဦး သည် ဘယ်ရောက်နေမှန်းမသိပေ ။
ကျောင်းနဲ့ကအလှမ်းဝေးသောကြောင့်မနက်မှ သွားရန် ပြင်ထား၏ ။
" အပြုံးရေ.... ကောင်လေး "
ပေါ်လာပါပြီ ။ တစ်မနက်လုံးဘယ်ရောက်နေမှန်းမသိ ။ အခုမှ ပြန်ပေါ်လာသည့်လူကြီ း။
" ဦး ဘာလို့လဲ ဟင် "
ဦးသည် မောဟိုက်နေပုံပင် ။ သို့ပေမယ် အပြုံးကို ပွေ့ချီပြီး အော်ပြောလိုက်သည် ။
" အပြုံးအောင်တယ် ပြီးတော့ မြန်မာစာ တစ်ဘာသာ ပါတယ်ကွ "
အပြုံး အောင်သွားပြီ ။ ပြီးတော့ ဂုဏ်ထူးတောင်ပါသေးသည် ။ အရမ်းပျော်သည် ။
" တကယ်လား ဦး... ။ "
ထိုအချိန် ရွာသူကြီးလင်မယားနှစ်ယောက်ဝင်လာခဲ့သည် ။
" အပြုံး ရေ ဂုဏ်ယူတယ်ကွာ မင်းရဲ့မွေးစားအဖေရှိရင်သူပျော်မှာကွ "
ရွာသူကြီး၏ စကားကိုသူ့၏ဇနီးက ထောက်ခံသည် ။
ထိုအချိန် ဦးက" ကောင်လေး အဖြေ "
" ပေးမှာပေါ့ လူကြီးတွေရှိတယ်လေ "
သူကြီးလင်မယားနှစ်ယောက်ကတော့ပြုံးစိစိဖြင့် ။ ဦးသည်လဲ မျော်ှလင့်နေသောမျက်ဝန်းများဖြင့် ကြည့်နေလေ ၏ ။
" ချစ်တယ်..ချစ်တယ် "
" ဝေ့ ပျော်လိုက်တာ အပြုံးရယ် ကိုယ်တကယ်ပျော်တာ ပဲ "
-----------------------------------------
အပြုံးတို့နှစ်ဦး ၅ လအကြာမှာ လက်ထပ်စာချုပ်မှာလက်မှတ်ထိုးခဲ့ကြသည် ။
အပြုံးတို့ယူတာကိုတော့ ကန့်ကွက်မည့်သူမရှိပေ ။ သူကြီးလင်မယားနှစ်ယောက်က အပြုံး တို့ကို ကူညီပေးသည် ။