အပိုင်း ၉

1.9K 99 2
                                    

🍒ဦးကိုချစ်တဲ့ကောင်လေး 🍒

     🍒part 9 🍒
_______________________________

" လာ ကလေး "

အပြုံးကို ချီကာ ရုံးခန်းသို့ပြန်လာခဲ့ရ၏ ။
ဇော်ရိန်ဆိုင်း ကိုယ့်ဟာကိုယ် အပြစ်တင်နေမိ၏ ။ နောက်ကိုမကြည့်ပဲအော်လိုက်တာကွာ ။

" ဦး အပြုံးကိုမအော်ပါနဲ့ ။ အပြုံးကို တစ်ခါမှ..... မအော်ဖူးဘူး ရွှတ်...."

အပြုံးသည် မျက်လုံးတွေဟာ နီနေ၏ ။ ထို့အတူ နှာခေါင်းထိပ်လေးတွေရော ။
နှာရည်တွေက တစ်ခါတစ်လေ ထွက်သေးသည် ။

" ဦးက အပြုံးလို့ မထင်လို့ပါကွာ ။ ဦးကိုစိတ်တော့မဆိုးလိုက်ပါနဲ့ "

ဇော်ရိန်ဆိုင်း သည် ခေါင်းငုံ့ကာပြောလိုက်သည် ။
အပြုံးသည် ဦးက ဒီလိုကြီး ဖြစ်နေတော့ စိတ်မကောင်းတာအမှန်ပင် ။
မိမိလည်းမှားသည်မဟုတ်လား ။ ဦးက မဝင်ခဲ့နဲ့လို့ပြောထားရက်နှင့် ဝင်သွားသည် ။

" ဦး အဲ့လိုကြီးမနေ ပါနဲ့လားဟင် "

" ကလေးဘဘောပါဗျာ "

အပြုံးသည် ဦးကို ဖက်လိုက်၏ ။
ဦးကိုအပြုံးအရမ်းချစ်တယ်ဦး ။ ဦးနဲ့ အတူရှိတာ အပြုံးအတွက် ဘုရားပေးတဲ့ဆုလာဘ် တစ်ခုပါပဲ ဦး ရယ် ။
----------------=-----------------------

" ဘာ မင်းတို့ စောက်သုံးမကြတာလား ။ ၄ လ အတွင်း မှာ လုပ်ကြံမှုမအောင်မြင်ဘူး "

ထိုလူကတော့ အသက် ၃၆ နှစ်အရွယ် ဦးသျှားထက်စံ ။
ဦးသျှားသည် ဇော်ရိန်ဆိုင်း ၏အစ်ကိုဝမ်းကွဲတစ်ဦးဖြစ်ပြီး ဇော်ရိန်ဆိုင်းအားအမြဲအနိုင်လိုချင်နေသူတစ်ဦးဖြစ်သည် ။
လွန်ခဲ့တဲ့ ၇ လ ခန့်က မန္တလေးဖက်မှာလုပ်ကြံခဲ့သည် ။
ဇော်ရိန်ဆိုင် ေသပြီဟုယုံကြည်နေသောလည်း ရန်ကုန်ဖက်မှာပြန်တွေ့၍ လုပ်ကြံခဲ့ပြန်၏ ။
သို့ပေမယ့် မအောင်မြင်ခဲ့ပေ ။

" အခု သွားတွေ့ကြရအောင် "

ဦးသျှားသည် ဇော်ရိန်ဆိုင်း ကိုတွေ့ဖို့ရန်အတွက် သူရှိရာနေရာသို့ထွက်လာခဲ့၏ ။

ဇော်ရိန်ဆိုင်း သည် အပြုံး အိးပ်ပျော်သွားသောကြောင့် အသက်ကို ဝ ဝ ရှူရတော့သည် ။
ရန်လင်းသည် Boss ကိုတွေ့မှ ဖြစ်မည် ။
ဦးသျှားထက်စံ သည် Boss ကိုတွေ့ခွင့်ပေးဖို့ရန်တောင်းဆိုနေသောကြောင့်ပင် ။

ဦးကိုချစ်တဲ့ကောင်လေးWhere stories live. Discover now