အပိုင်း ၁၂

1.7K 97 0
                                    

🍒ဦးကိုချစ်တဲ့ကောင်လေး 🍒
       🍒part 12 🍒
_________________________________

မနန်းဧကရီဖူးဆိုသည်မှာအခြားလူမဟုတ်ပေ ။
ဦးသျှားထက်စံ၏ တစ်ဦးတည်းသောအစ်မ အရင်း ။
လွန်ခဲ့သည့် ၁၆နှစ်ခန့်က ပျောက်ဆုံးသွားသည့် သားဖြစ်သူအား ရှာဖွေနေသော အမျိုးသမီး ။

မမနန်း ဘယ်လိုဖြစ်ပြီး ဒီရွာကို လာခဲ့ရသနည်း ။ မဟုတ်မှ လွဲရော သျှားထက်စံ၏ တူလေးက ဒီရွာကလား ။
ဒါဆိုအပြုံး ။ အပြုံး ဆိုတော့ အင်္ဂလိပ်လိုက Smile ဟာ တကယ်ကြီးအပြုံးက smile လေးလား ။
ဟာကွာ ငါအခု ဘာတွေလုပ်မိနေတာလဲ ။

ယခု လူတွေစုနေကြ၏ ။ ရန်လင်းသည်လည်း သိချင်လိုစိတ် ပြင်းပြနေ၏ ။
ပြီးတော့ ဦးသျှားထက်စံ နှင့်နန်းဧကရီဖူး ။ ရွာသူကြီးလင်မယားနှစ်ယောက်သည် အပြုံး ရဲ့အကြောင်းတွေကိုလည်းပြောပြနေသည် ။
ပြီးတော့ လူညိုချော ဆိုသည့်လူအကြောင်းရောပေါ့ ။

" ဦးလေး လူညိုချော ဆိုတာ ဒီလူလား "

ရန်လင်းသည် ဖုန်းထဲရှိ boss ၏ ပုံကိုပြလိုက်သည် ။

" ဟုတ်တယ် ဒီပုံက ဘယ်လို "

" ဒီပုံထဲက လူက ကျွန်တော့် boss ပါ ။ ကြည့်ရတာ boss ပျောက်ဆုံးနေတဲ့ ၃ လအတွင့် ဒီရွာကိုရောက်ခဲ့တာ ထင်တယ် ။ အခု boss နဲ့အပြုံးအတူရှိကြပါတယ် "

နန်းဧကရီဖူးသည် ရန်လင်း၏ လက်ကိုအားကိုးတကြီးဆုပ်ကိုင်ကာ

" အစ်မ့သား smile လေးရှိရာကိုခေါ်သွားပေးပါ ကွယ် အစ်မ့ရဲ့ပေါ့ဆမှုကြောင့်....အင်းးဟင့်းးး "

ဒေါ်နန်းဧကရီဖူးသည် ရှိုက်ကြီးတင် ငိုနေ၏ ။
ထို့နောက်ရန်လင်းဆုံးဖြတ်ချက်ချလိုက်သည်က

" ညနေ ကြရင် ရန်ကုန်ကို ကျွန်တော် လိုက်ပို့ပေးပါ့မယ် ။ အစ်မ့သားလေးရှိရာကိုပေါ့ "

-----------------------------------------

" ဦးသျှားထက်စံနဲ့ ဦးဇော်ရိန်ဆိုင်း တို့ကိုအပြတ်ရှင်းလိုက်တော့ "

ထိုဖုန်းပြောနေသောလူမှာအခြားလူမဟုတ်ပေ ။
ဦးသျှားထက်စံ၏ လူယုံတစ်ယောက်ဖြစ်သည် ။
သူသည် ဦးဇော်ရိန်ဆိုင်း နှင့်ဦးသျှားထက်စံတို့နှစ်ဦးအားသွေးခွဲ ပြီး ပျက်စီးဖို့အထိရည်ရွယ်ထားသည့်လူတစ်ဦး ။
ရှင်းရှင်းပြောရလျှင်သူဟာ သစ္စာဖောက်တစ်ယောက် ။

ဦးကိုချစ်တဲ့ကောင်လေးWhere stories live. Discover now