🍀part 3 🍀uni

14.9K 809 12
                                    

🍀ကျွန်တော်ဟာ သူ့ရဲ့ကာမပိုင်ယောက်ျား 🍀

      🍀 part 3 🍀

_____________________________

ယနေ့သည် စီးပွားရေးနတ်ဘုရား နှိုင်းတုမဏီ ၏ လက်ထပ် ပွဲနေ့ ။

နှိုင်းနှင့်လက်ထပ်မည့်လူသည် ယောက်ျားတစ်ယောက်ဖြစ်တာကြောင့် အံ့သြ ကြပေမယ့်လို့ သူ၏ မိခင် ဒေါ်နန်းမဟာမဏီကို ကြောက်လွန်း ၍ ဘာမျှဝင်ပြောကြပေ ။

ထိုပွဲသို့ စီးပွားရေး လုပ်ငန်းရှင် တွေနှင့် မြေအောက်ဂိုဏ်းခေါင်းဆောင်တစ်ချို့ တက်ရောက်ကြ၏ ။

နှိုင်းအားသမက်တော်ချင်ကြသည့် လူတွေ ကတော့ နှိုင်းကို နှမြော မိကြသည် ။ သူတို့ သမက် မတော် လိုက်ရ ၍ ဖြစ်၏ ။ သို့ပေမယ့် သူတို့ပုံက လက်လျော့မိပုံမပေါ် ။

နှိုင်းတို့ဟာ လက်ထပ်စာချုပ်မှာလက်မှတ်ထိုးပြီး Hotel တစ်ခုတွင် သာ ပါတီလုပ်ဖြစ်ကြ၏ ။

နှိုင်းယနေ့ သျှင်နှောင်းဆိုသူနှင့်တွေ့၏ ။
သူဟာ နှိုင်းထက် သိပ်ပြီး မထွားပေမယ့် ပုံမှန် ယောက်ျားလေးတွေမှာရှိသင့်သည့်ပုံစံမျိုး ။ သူ့ပုံစံက နူးညံ့ တတ်သည့်ပုံမျိုးပေါ့ ။

" မဏီ "

သူ ကျုပ်ကို ခေါ်သည့်နာမ်စားက ဘာတဲ့ ' မဏီ ' ။ ဟက် ။
ဒါနဲ့ သူ့ကို ကျုပ်က ဘယ်လိုခေါ်ရမလဲ ။ အသက်ကလဲ ၃ နှစ်လောက်ကြီးတာ ဆိုတော့ ။

" ပြောလေ သျှင်နှောင်း "

" မေမေ က လာခဲ့ ဦးတဲ့ "

" ok ကျုပ်လာခဲ့မယ် "

ဟူး ။ မေမေ ဘာလုပ်ဦးမှာလဲ မသိဘူး ။
နှိုင်းသည် သောက်လက်စ ရှန်ပိန် ခွက်ကိုချလိုက်ကာ သျှင်နှောင်းနောက်သို့လိုက်ပါခဲ့ ၏ ။

သျှင်နှောင်းသည် နှိုင်းကိုသေချာကြည့်မိသည် ။ နှိုင်းက သျှင်နှောင်းထက် အသက် ငယ်ပေမယ့်လို့ သျှင်နှောင်းထက် လူကောင်ကြီးသည် ။ အသားက လည်း ဖြူသည် ။

" ရောက်ပြီလား ။ ဒီမှာ မိတ်ဆက်ပေးမယ် "

ဒေါ်နန်းမဟာမဏီ သည် ဝိုင်းတစ်ခုတွင်ထိုင်နေ၏ ။
ထိုဝိုင်းတွင် ဒေါ်နန်းမဟာ မဏီ အပြင် ကောင်မလေးတစ်ယောက်နှင့် အသက်ကြီးကြီးလူတစ်ယောက် ထိုင်နေ၏ ။

ကျွန်တော်ဟာသူ့ရဲ့ ကာမပိုင်ယောက်ျား( Uni &Zawgyi)[Completed] Where stories live. Discover now