🍀part 8 🍀Uni

10.4K 598 7
                                    

🍀ကျွန်တော်ဟာသူ့ရဲ့ ကာမပိုင်ယောက်ျား 🍀

       🍀part 8 🍀
_____________________________

နှိုင်းသည် သျှင်နှောင်း ခေါ်သည့်အရေးပေါ်လှေကားသို့ ဆင်းလာခဲ့သည် ။
သျှင်နှောင် လှေကားပေါ်မှပြုတ်ကျသည်ဟုကြားတုန်းကအရမ်းစိတ်ပူသွားမိသည် ။

ဘာလို့ ဒီလိုဖြစ်လဲဆိုလျှင် အနေနီး၍ သံယောဇဥ်ဟု နှိုင်း​ပြောမိမှာဖြစ်၏ j။

နှိုင်းနောက်ဆုံးတော့ သျှင်နှောင်းကိုတွေ့ပါပြီ ။ လှေ ကား၏ အောက်ဆုံးအထပ်တွင်ထိုင်နေသောလူသား ။
" သျှင်နှောင်း "

နှိုင်းခေါ်လိုက်သောအခါ မျက်လုံးဝိုင်းကြီးများဖြင့်ကြည့်နေသောထိုလူ ။
နာနေ၍လားမသိပေ မျက်လုံးအိမ်ထဲမှာ မျက်ရည်စနစ်ချို့တွေရှိနေသည် ။

" မဏီ "
သျှင်နှောင်းသည် မဏီ့ကိုမြင်သည်နှင့် ဝမ်းသာသွားသည် ။
မဏီက ယခု သူ့ဆီကိုလာခဲ့သည် ။ မဏီက စိတ်ပူ၍လား ။ ဒါမှမဟုတ် သူ့တာဝန်မကင်းဖြစ်မှာစိုး၍လား ။
ဘာပဲ ဖြစ်ဖြစ် သျှင်နှောင်းဆီက်ုလာသည်နှင့်ပင် ဒီကလူက ကျေနပ်ပါသည် ။

" လှေကားက ​ပြုတ်ကျတာဆို ပြစမ်း ကျုပ်ကို "

နှိုင်းသည် သျှင်နှောင်း၏ရှေ့တွင် ဒူးထောက်လိုက်ပြီး ခြေထောက်ကိုကြည့်နေမိသည် ။
သျှင်နှောင်း၏ ညာဖက်ခြေမျက်စိနားကိုကိုင်လိုက်သောအခါ သျှင်နှောင်းထံမှ အသံလေးထွက်လာခဲ့၏ ။

" အား."

" ဓာတ်လှေကားတွေရှိတာ ဘာလို့ ဒီလှေကားကနေဆင်းလာတာလဲ ဟမ် "

" ကိုယ့်ကို စိတ်ပူ​ေနတာလား မဏီ "

" လာ. ,ကျုပ် ကျောပေါ်တက် "

" ဟိုလေ...ဟို "

" တက်ခဲ့စမ်းပါ ။ခင်များကိုနိုင်ပါတယ် "

သျှင်နှောင်းလဲ ပြုံးလိုက်ကာ မဏီ၏ ကျောပေါ်သို့ တက်လိုက်သည် ။

နှိုင်း သျှင်နှောင်းကို ဆေးခန်းပြမှ ဖြစ်မည် ။ သျှင်နှောင်း ကိုယ် ကို ချီ လိုက့သောအခါ ပေါ့နေလေသည် ။
နှုိင်းဝန်ခံရမည် ဆိုလျှင် မာယာ ၏ ကိုယ်ထက်တောင်ပေါ့နေသည်။

ကျွန်တော်ဟာသူ့ရဲ့ ကာမပိုင်ယောက်ျား( Uni &Zawgyi)[Completed] Where stories live. Discover now