🍀part 5🍀Uni

12.2K 680 7
                                    

🍀ကျွန်တော်ဟာသူ့ရဲ့ကာမပိုင်ယောက်ျား 🍀
     🍀part 5 🍀

_______________________________

" မဏီ ပြန်လာပြီလား "

နှိုင်းအိမ်သို့ပြန်ရောက်သည့်အခါ ဟိုလူက နှိုင်းအားပြောလိုက်သည် ။
နှိုင်း ဘာဖြစ်နေတာလဲ ကိုယ့်ကိုယ်ကိုမသိပေ ။ ထိုအနံ့ပိုင်ရှင်ကို တွေ့ချင်သည် ။

ထိုသူက နှိုင်းကိုကယ်ခဲ့တာမဟုတ်လား ။ အသံကိုနားထောင်ကြည့်တော့ မိန်းမ မဟုတ်နိုင်။ ယောက်ျားတစ်ယောက်ဖြစ်ဟန်ရှိသည် ။

" ဒီမှာ မေမေ ပြန်ရောက်ပြီလား "

မဏီ၏ အမေးကိုသျှင်နှောင်းစဥ်းစားမရ ။ မေမေက ဟိုကောင်တွေကို သွားရှင်းသည်လေ ။

" ဟို သျှင်နှောင်းမသိဘူး "

" ok ခင်များကိုကျုပ်ပြောစရာရှိတယ် "

သျှင်နှောင်းကတော့ ရင်တထိပ်ထိပ် ။ သူလူသတ်တာတောင် ယခုလောက်ရင်မခုန်ပေ ။

" ပြောလေ... မဏီ "

သျှင်နှောင်းအသံတုန်နေသည်ကို နှိုင်းသတိထားမိ၏ ။ ဘာလဲ နှိုင်းကိုကြောက်နေသည်လား ။ ဟက်ရယ်ရတယ် ။

" အခန်းထဲ လာခဲ့ "

" ဟုတ် "

သျှင်နှောင်းသည် အခြားလူတွေအပေါ်တွင်တော့ Mahar ဂိုဏ်း၏ ဒု ခေါင်းဆောင်တစ်ယောက်ဖြစ်သည် ။
ရက်စက်သည် ။ သွေးအေးသည် ။

သို့ပေမယ့် နှိုင်းတုမဏီ၏ ရှေ့တွင်တော့ ယုန်ဖြူလေးသဖွယ် ။ ဖြူစင်သည် ။ အေးဆေးနေတတ်သည် ။

ဒါတွေဟာ သူ့ရဲ့ကာမပိုင်ယောက်ျားရှေ့၌သာဖြစ်၍ ထိုပုံကို နှိုင်း တစ်ယောက်သာသိလိမ့်မည် ။

" မဏီ ပြောလေ "

နှိုင်းသည် သူ့ရဲ့အင်္ကျီကိုချွတ်နေလေ၏ ။ သျှင်နှောင်းကတော့ ကုတင်စွန်းမှာထိုင်နေ၍ မဏီ့ ရဲ့နောက်ကျောသာ မြင်နေရသည် ။

" ကျုပ်ပြောမှက ခင်များနဲ့ ကျုပ်က မေမေ သဘောတူလို့ယူခဲ့ရတာမဟုတ်လား ။ ခင်များက အနည်းနဲ့အကျင်း ရည်းစားဆိုတာရှိမှာပေါ့ ။ အဲ့တော့ ခင်များလဲ ခင်များလွတ်လပ်သလိုနေ ။ ကျုပ်လဲ ကျုပ် လွတ်လပ်သလိုနေမယ် ။ ဒါပေမယ့် မေမေ့ကိုတော့မပြောနဲ့သဘောပေါက် "

ကျွန်တော်ဟာသူ့ရဲ့ ကာမပိုင်ယောက်ျား( Uni &Zawgyi)[Completed] Where stories live. Discover now