*125* မိုးကြိုးစမ်းသပ်မှုခံယူခြင်း

8.9K 1.7K 102
                                    

မြို့ပြင်မှာ မိုးခြိမ်းသံတွေက မြည်ဟီးနေဆဲဖြစ်ကာ မိုးကြိုးတိမ်တိုက်တွေကလည်း ရောက်ရှိလာကြလေသည်။

အစကတော့ ယင်ဖုန်းရဲ့အဖေက အဆင့်တက်ဖို့အတွက် ရက်အနည်းငယ်လောက် လိုနေသေးသည်။ ဒါပေမဲ့ ရုန်အိမ်တော်ထဲက သန့်စင်သိပ်သည်းတဲ့ ဝိညာဥ်ချီတွေရဲ့ ကျေးဇူးကြောင့် ထိုနေရာမှာ ရက်အနည်းငယ်လောက် ကျင့်ကြံပြီးတာနဲ့ ရုတ်တရက် သူ့ကိုယ်ထဲက ဝိညာဥ်ချီတွေရဲ့ပြောင်းလဲမှုကို ခံစားလိုက်ရပြီး အဆင့်တက်တော့မဲ့ လက္ခဏာတွေ စတင်ပြလာတော့သည်။

ဒါကြောင့် သူ ရုန်ယိကို အမြန်သွားတွေ့ခဲ့၏။ ထို့နောက် သူ ၊ ယင်ဖုန်း ၊ လန်လျှို့ ၊ ရုန်ယိ ၊ ရှန်းလွီ့ ၊ ပုချီနဲ့ ယင်ကျင်းရဲ့တို့က မြို့ပြင်ကို အမြန်ထွက်လာကြပြီး မိုးကြိုးအကာအကွယ်အစီအရင်နဲ့ မိုးကြိုးလွှဲတွေကို နေရာချကြတော့သည်။

အကုန်လုံးကို နေရာချပြီးသွားတာနဲ့ မိုးကြိုးတိမ်တိုက်တွေက ရောက်ရှိလာကြတော့၏။ ယင်ဖုန်းရဲ့အဖေက လွဲရင် ကျန်တဲ့သူတွေအကုန်လုံးက မိုးကြိုးတိမ်တိုက်တွေရဲ့ စက်ကွင်းလွတ်ရာကို ထွက်နေလိုက်ကြသည်။

ခပ်ပါးပါးအချောင်းလေးက ထိုနေရာမှာ လှံတံလိုထောင်မတ်နေတာကိုကြည့်ရင်း ရှန်းလွီ့က မေးလာသည်။
"ဆရာ ဒီမိုးကြိုးလွှဲဆယ်ခုက မိုးကြိုးတွေကို အားနည်းသွားစေမယ်ဆိုတာ သေချာလို့လား.."

"စောင့်ကြည့်လိုက်စမ်းပါ"
ရုန်ယိက သူ့ဘိုးဘေးတွေလုပ်ခဲ့တဲ့အတိုင်း လုပ်ကြည့်ထားတာဖြစ်သည်။ သူတို့တောင် လုပ်နိုင်ခဲ့မှတော့ သူလည်း ကျရှုံးစရာအကြောင်းမရှိပေ။

ပုချီက ပြောလိုက်သည်။
"မိုးကြိုးစမ်းသပ်ချက်လာနေပြီ"

ထိုအခါ ခုံမှာ ပျင်းရိပျင်းတွဲထိုင်နေတဲ့ ယင်ကျင်းရဲ့လည်း ချက်ချင်း ကိုယ်ကိုမတ်လိုက်လေသည်။

ယင်ဖုန်းနဲ့လန်လျှို့တို့လည်း မိုးကြိုးတိမ်တိုက်တွေကြားက သားရဲကို စိုးရိမ်တကြီးနဲ့ ကြည့်နေမိကြ၏။

ယင်ဖုန်းရဲ့အဖေက တစ်ကယ့်မိုးကြိုးစမ်းသပ်ချက်ရောက်လာပြီဆိုတာ ခံစားလိုက်မိတာကြောင့် ရုန်ယိပြောထားတဲ့အတိုင်း သူ့အောက်က မိုးကြိုးအကာအကွယ်အစီအရင်ကို အသက်သွင်းလိုက်လေသည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now