30 2 0
                                    

[Unicode]

အပိုင်း (၃)

" ကန်းနေလို့ပဲ ဖြစ်ရမယ် "

ဆယ်ကျော်သက်လူငယ်မှာ မိန်းကလေးအား မကြည့်မီ အဆိုပါ ကြေးစား၏ အလောင်းကို အဝေးသို့ကန်လိုက်၏။

သူ့သခင်လေးက ထိုကောင်မလေးအား ဝူယိုဟု ခေါ်သံကို ကြားလိုက်မိ၏။ နျဲ့မိသားစုမှ ဒုတိယသခင်မလေး နျဲ့ဝူယို။

" အ.. နျဲ့သခင်မလေး ဘယ်လိုဖြစ်လို့ ဒီကို တစ်ယောက်တည်း ရောက်လာတာလဲဗျ " လူငယ်မှာ တုန်လှုပ်သွားသည်။

ထိုကောင်မလေးသည်ကား တိတ်ဆိတ်စွာ နေနေဆဲပင်။

ကျီရှိုးရန် မျက်နှာတွင် အပြုံးလေးတစ်ခု ဖြစ်ပေါ်လို့လာသည်။ ထို မေးခွန်းသည်အား မေးဖို့ပင် မလိုအပ်တော့။

ဝူယို အဖိုး၏ အကျင့်အရဆိုလျှင် ဝူယို၏ သိုင်းပညာတိုးတက်ရန်အတွက် ဤနေရာသို့လာရန် အမိန့်ပေးထားခြင်းပင် ဖြစ်ပေလိမ့်မည်။

ထပ်မံပြောရမည်ဆိုလျှင် ဝူယို၏ အဖိုးဖြစ်သူမှာ ဤအနီးတစ်ဝိုက်တွင်သာ ရှိလိမ့်မည်။ ဝူယိုတွင် အန္တရာယ်တစ်စုံတစ်ရာ ကြုံလာပါက ချက်ချင်းပေါ်လာလိမ့်မည်ပင်။

" သွားရအောင် " ကျီရှိုးရန် ထိုကောင်မလေးအား နွေးထွေးသော အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

သို့သော်ငြား ထိုကောင်မလေး၏ ပါးပြင်ထက်၌ ဖုန်မှုန့်များကပ်လျှက်ရှိကာ သူမလည်း အဆိုပါနေရာမှလည်း ထချင်နေသည့် ပုံမပေါ်ပေ။

သူမ ဖိနပ်တစ်ဖက်သာဝတ်ထားသည်ကို ကျီရှိုးရန် သူ့မျက်လုံးဒေါင့်မှတွေ့လိုက်မိသည်။ ကျန်တစ်ဖက်မှာ ခိုက်ရန်ဖြစ်ပွားနေစဉ်တောအတွင်း ပျောက်သွားချေရှိသည်။

" ဖိနပ်ပျောက်သွားတယ်.. " အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ သူမ ပြန်ဖြေလာပါသည်။ သူမ၏ ပါးပြင်နှစ်ဖက်စလုံးမှာ လည်း ရှက်သွေးဖြာလျက်ရှိကာ နီရဲလို့နေလေသည်။

Perfect Secrect Love : A Bad New Wife is Alittle Sweet [Side Story of Ji XiuRan]Where stories live. Discover now