၁၂

43 3 0
                                    

[Unicode]

အပိုင်း (၁၂)

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားတော့သည်။

သူမသည် သူမအဖိုးနှင့် အတူ ကမ္ဘာတစ်ခွင် လိုက်ပတ်ရင်း ကျီရှိုးရန်မှာလည်း ကျီမိသားစု၏ နယ်မြေများကို လိုက်လံချဲ့ထွင်လျက်ရှိ၏။

ထိုကောင်မလေးမှာ ငယ်ရွယ်၍ အချစ်ရေးနှင့် ပတ်သက်လျှင် ဘာမျှ မသိသေးပေ။ သို့သော်ငြား သူလုံးဝ စိတ်မပူပါချေ။ ဘဝခရီးမှာ ရည်လျားလှပြီး သူ့ထံတွင် သူမနှင့် အတူရှိနေရမည့် အချိန်တွေမှာ များပြားစွာရှိနေသေးသည်။ သူ့နျဲ့ဝူးယိုလေးမှာ အခြားကောင်လေးတစ်ယောက်အား အလွယ်တကူ မကြိုက်နိုင်ဘူးဟု၍လည်း သူ့မှာ ယုံကြည်ချက်အပြည့်ရှိနေသေးသည်။

သို့သော်ငြား...

သူသည် အရာအားလုံးအတွက် တွက်ချက်ထားခဲ့သော်ငြား ကောင်းကင်၏ အလိုဆန္ဒကိုတော့ ထည့်တွက်ချက်ရန် မေ့သွားလေ၏။

" ကျီဘုရင်.. အရှင့်ရဲ့ ခန္ဓာကိုယ်က.. "

ဟိုင်ထန်၏ အနောက်၌ရှိသော အဘိုးအိုမှာ သူ၏ ထူထဲသော မျက်ခုံးများကို ကြုတ်ထားကာ ထိုယောက်ျားအား ကြည့်လျက်ရှိသည်။

သူ့ခန္ဓာကိုယ် အခြေအနေအား သိရှိပြီးနောက် ထိုယောက်ျားမှာ မမည်သည့်စကားမျှ မျပြာတော့‌ပေ။ အရာအားလုံးကို ဤမမြင်နိုင်သော ကမ္ဘာထဲတွင် ကြိုတင်ခန့်မှန်းထားသလားများလား ဟုပင် သူခံစားနေရသည်။

" ဟူး... အလွန်အမင်း ဉာဏ်ရည်ထက်မြက်ရင်လည်း တန်ဖိုးဆိုတာ ရှိစမြဲပဲ... " အဘိုးဘိုမှာ အချိန်ခဏတာကြာပြီးနောက် သက်ပြင်းတစ်ခုချလိုက်ကာ ဝမ်းနည်းဖွယ် ခေါင်းခါလိုက်လေ၏။

"" အင်း.. ကျွန်တော် နားလည်ပါပြီ " ထိုယောက်ျားမှာလည်း အချိန်အတော်ကြာအောင် တိတ်ဆိတ်လိုရှိနေပြီး ခါးသက်လှသော အပြုံးတစ်ခုဖြင့် ထိုနေရာမှ ထွက်လာခဲ့လိုက်တော့သည်။

ဓားရေးသမားထံတွင် ဓားတစ်ချောင်း ရှိသလို စာပေပညာရှင် တစ်ယောက်ထံ၌ ဖောင်တိန်တစ်ချောင်းရှိသေးသည်။ သို့သော်ငြား ယခုအချိန်မှစ၍ ကျီရှိုးရန်ထံ၌ နျဲ့ဝူးယို မရှိတော့ပေ။

Perfect Secrect Love : A Bad New Wife is Alittle Sweet [Side Story of Ji XiuRan]Where stories live. Discover now