၁၁

12 1 0
                                    

[Unicode]

အပိုင်း (၁၁)

" အဲ့ဒီတော့? " လီချွမ်ဟစ်အော်လိုက်သည်။ " မင်းက အရမ်း‌သွေးဆူနေတာပဲ "

" တိုက် " ကျီရှိုးရန် ခံစားချက်မဲ့စွာ အမိန့်ပေးလိုက်၏။

လီချွမ်လန့်သွားရတော့သည်။

လီချွမ် သတိမထားမိလိုက်ခင်မှာပဲ သူ၏အနောက်ရှိ လူများထံမှ ဓားသွားတို့မှာ သူ့နောက်ကျောသို့ အညှာအတာမဲ့စွာ ထိုဖောက်ဝင်ရောက်သွားကြတော့သည်။

" မ-မင်း ! "

လီချွမ်သူ၏ အနောက်မှ လူယုံနှစ်ယောက်အား ထိတ်လန့်တကြား လှည့်ကြည့်လိုက်လေ၏။

" စိတ်မကောင်းပါဘူး။ ကျွန်တော်တို့က ဟိုးအစထဲက ကျီဘုရင်ရဲ့ လူတွေပဲ " လူယုံတစ်ယောက်မှ အေးစက်စွာ ပြန်ဖြေလာသည်။

ဇွက်!

ကျန်တစ်ယောက်မှာမူ မည်သည့်စကားမျှ မပြောပဲ လီချွမ်၏ လည်တိုင်ကို သူ၏ ဓားမြှောင်ဖြင့် လှီးဖြတ်လိုက်လေ၏။

ထိုအခြင်းအရာကို မြင်သည့်အခါ ကျိုဂိုဏ်းချုပ်နှင့် ထုံဂိုဏ်းချုပ်တို့မှာ အလွန်ဒေါသထွက်သွားရတော့သည်။

သေစမ်း! အဲ့ မျိုးမစစ် ကျီရှိုးရန်!

လီချွမ်ဆိုသည့်သူမှာ လွန်စွာ အင်အားကြီးသောသူဖြစ်ကာ ဤလွတ်လပ်သောနိုင်ငံတော်၌ A+ အဆင့် စာရင်းဝင်သည်ဟုပင် ပြော၍ရနိုင်သည်။ ထပ်မံပေါင်းရသော် လူအင်အားအရလည်း သူတို့သာနေသေးသည်။ ထို့ကြောင့် လီချွမ်၏ လူယုံများမှာ ကျီရှိုးရန်၏ လူများဖြစ်နေပါစေ၊ ကျီရှိုးရန် အလောတကြီး ဆုံးဖြတ်ချက်ချ၍ မရပေ။ ထို့ကြောင့် ကျီရှိုးရန်မှာ လီချွမ် စိတ်အေးလက်အေးရှိကာ သတိမမူမိမည့် အချိန်ကိုစောင့်၍ တစ်ချက်ထဲ အပြီးသတ်ခဲ့ခြင်းပင်ဖြစ်သည်။

ကျီရှိုးရန်... ဤအချိန်ကို တချိန်လုံး စောင့်မျှော်ခဲ့ခြင်းပေ။ သူ၏ ဘဝတစ်ခုလုံးအား အမှန်တကယ်ပင် လောင်းကြေးထပ်ရင်းခဲ့၏။

Perfect Secrect Love : A Bad New Wife is Alittle Sweet [Side Story of Ji XiuRan]Where stories live. Discover now