13 2 0
                                    

[Unicode]

အပိုင်း (၇)

" ဝူယို ကြိုက်တယ်ဆိုရင် အဲ့ဒါတွေ အကုန်လုံးက မင်းအတွက်ပဲ " ကျီရှိုးရန် တောင်အောက်မှ ရှုခင်းများကို ကြည့်လိုက်ရင်း ရယ်ရယ်မောမောဆိုလေသည်။

" အဲ့ဒါတွေကို ဝူယိုအပိုင်ယူလို့ရတယ်? " ထိုကောင်မလေးမှာ တောင်အောက်တွင်ရှိနေသော မြင်ကွင်းကို စူးစမ်းလိုက်၏။ ထိုမြင်ကွင်းမှာ အင်ပါယာတစ်ခုအလားပင်။

" ဒါပေမဲ့ ကိုကိုက ကျီဘုရင်လေ။ အရာအားလုံးကို ဝူယိုကို ပေးဖို့ဆန္ဒရှိတယ်ပေါ့ " နျဲ့ဝူယို စလိုက်သည်။

" အင်း.. ဝူယိုက နျဲ့ဘုရင်မ ဖြစ်ချင်တယ်ဆိုရင်‌ပေါ့ " ကျီရှိုးရန် ပြန်ဖြေလေသည်။

" နျဲ့ဘုရင်မ? " နျဲ့ဝူယို ခေါင်းခါလိုက်သည်။ " မေ့လိုက်တော့.. ကြားတာနဲ့တင် ကြောက်ဖို့ကောင်းတယ်.. ပိုင်ဖုန်းလိုနေတာကပဲ ပိုကောင်းဦးမယ် "

ထိုကောင်မလေး မည်သည့်စကားမှ မဆိုနိုင်ခင် ကျီရှိုးရန် သူမကိုယ်လေးအား သူ့လက်မောင်းထဲသို့ ယူ၍ ဖက်လိုက်ပါ၏။

သတိမထားမိသောကြောင့် ကောင်မလေးမှာ သူ၏ ရင်ဘတ်ထဲသို့ နစ်မြုပ်သွားရတော့သည်။

နျဲ့ဝူယို သတိထားမိသော အချိန်တွင် သူမ ပါးပြင်တစ်ပြင်လုံး ရှက်သွေးများ ဖုံးလွှမ်းနေလေတော့သည်။

သူမ ယခုလိုမျိုး နှလုံးအခုန်မြန်ပြီး ပြုတ်ထွက်မတက် ခံစားချက်မျိုးကို တခါမှ မခံစားဖူးချေ။ ကမ္ဘာပေါ်၌ ကြည့်ကောင်းသော ယောက်ျားများမှာ မြောက်များစွာ တည်ရှိသော်ငြား ကျီရှိုးရန်၏ ထူးခြားမှုများမှာ မည်သည့်အရာ၊ မည်သည့်သူနှင့်မှ အစားထိုး၍ မရနိုင်ပေ။

" အလုပ်တွေ အရမ်း မလုပ်နဲ့ဦး " ကျီရှိုးရန် သူမအား ငြင်သာစွာပြောလေသည်။

" ကိုကိုကသာ အလုပ်အရမ်းလုပ်နေတဲ့သူ.. " နျဲ့ဝူယို ပြန်လည်ချေပလိုက်သည်။ " အိုး ဒါနဲ့.. အခုနောက်ပိုင်းမှာလေ ထုံမိသားစု၊ ကျိုမိသားစု နဲ့ ကိုကို့ကို ရှုံးသွားတဲ့ လီချွမ်တို့တွေက ကိုကို့အသက်ကို လိုချင်တယ်ဆိုပြီး ကြေညာလိုက်တယ်.. ကိုကိုအဲ့ အကြောင်းသိတယ် မဟုတ်လား "

Perfect Secrect Love : A Bad New Wife is Alittle Sweet [Side Story of Ji XiuRan]Where stories live. Discover now