(၂) Z/U
1.2K 101 0
Zawgyi
________
ရှဲ့ဟန် ရွာထဲဝင်ခါနီး မှတစ်စုံတစ်ခုကိုသတိရသွားပြီး ချန်ဖေးကိုစကားပြောလိုက်သည်
“ရှာတာတော့ဟုတ်ပါပြီ..... ငါကိုယ်တော်က သူ့ရဲ့ မျက်နှာကို မမှတ်မိဘူး ”
“အရှင်ယုံမယ်ဆို ဒီနတ်ဘုရားဆီ သူနဲ့ တွေ့ဖို့ ဆုတောင်းလို့ရပါတယ်”
ချန်ဖေးရဲ့စကားကြောင့်ရှဲ့ဟန်တစ်ချက်တွေဝေသွားပြီးထိုထူးဆန်းသည့် နတ်ဘုရားရဲ့ပုံကိုကြည့်နေလိုက်သည်။
ရှဲ့ဟန် ပထမဦးဆုံးအကြိမ် သူမဟုတ်တဲ့ တခြားတစ်ဦးကို တိုင်တည်ဖူးခြင်းပင် ၁၃နှစ်အရွယ်ထဲက စစ်ရေးလေ့ကျင့်ခဲ့ရတဲ့ ရှဲ့ဟန်အတွက်တော့ ကိုယ့်ကို ကိုယ်သာအားကိုးရာဖြစ်ခဲ့သည်။
ဆုတောင်းပြီးနောက် သူ့အရှေ့မှာပေါ်လာတဲ့အလင်းတန်းတစ်ခု
“ဒါက ဘာသဘောလဲချန်ဖေး”
“ကျနော်မျိုးအထင်ဒီအလင်းတန်းက အရှင့်ကိုလမ်းပြပါလိမ့်မယ် ”
ရှဲ့ဟန် ထိုအလင်းကိုကြည့်ပြီးဈေးထဲ ပတ်သွားနေမိသည်။
တစ်နေရာအရောက်တွင်တော့အလင်းတန်း သင်္ကေတလေးရဲ့ လှုပ်ရှားမှုကိုတွေ့  လိုက်ရသည်။သူကြည့်နေရင်း အလင်းတန်းက ထွက်ခွာသွားပြီး သူ့ရှေ့ကကျောပေးထားတဲ့ ကောင်လေးသေးသေးလေးရဲ့ခေါင်းပေါ်ရပ်နေသည်။
သူထိုကောင်လေးကိုတလှည့် ခေါင်းပေါ်က အလင်းတန်းလေးကိုတလှည့်ကြည့်နေမိသည်။
“ဒါဆိုဒေါ်လေး ကျနော် ဒါယူမယ်နော် ”
“ရတယ် လိုတာယူ... ဒါနဲ့ နောက်ကလူငယ်နှစ်ယောက် ရှောင်းဟုန်ကိုကြည့်နေသလိုပဲ”
“အင်... ဘယ်သူလဲဟင်!! ”
ဈေးဆိုင်ကအဒေါ်ကြီးပြော၍ရှောင်းဟုန်နောက်လှည့်ကြည့်လိုက်တော့ မြင်လိုက်ရသည့်လူနှစ်ယောက်က ရှောင်းဟုန်ရဲ့ စိတ်ကိုထိတ်လန့်စေသည်။လွန်ခဲ့တဲ့ရက်ကတောထဲက တွေ့ခဲ့ တဲ့ နှစ်ယောက်မှတ်လားဘယ်လိုလုပ်
မဟုတ်မှငါ့ကိုသတ်ဖို့လား
ရှောင်းဟုန် ထွက်ပြေးဖို့ လုပ်နေတုန်း သူအနားကိုလေအလျင်လိုရောက်လာတဲ့ အနက်ရောင်မျက်နှာဖုံးနဲ့ဧကရာဇ် ဘာလို့ဒီလောက်မြန်လာရတာလဲ
ရှောင်းဟုန်စကားပြောဖို့ပြင်နေချိန်မှာပဲရွာထဲဝင်လာခဲ့သည့်အနက်ရောင်ပိတ်စတွေဖုံးအုပ်ထားတဲ့လူတွေရှောင်းဟုန် ဒီလူတွေကိုသိသည် သူတို့ကဒီရွာနားမှာသောင်းကျန်းနေကြတဲ့ ဓားပြတွေပဲ...
ရှောင်းဟုန် ကြည့်နေရင်း သူဘေးနားက ဧကရာဇ်ကလေအလျင်နဲ့ပျောက်ကွယ်သွားပြီး သူ့ရှေ့မှာ အလဲလဲအပြိုပြိုဖြစ်ကြသည့်ဓားပြတွေ
ဘာလို့ဒီလောက်မြန်နေရတာလဲ
ရှောင်းဟုန်သွေးတွေစွန်းနေသည့်ဧကရာဇ်ရဲ့ဓားကိုကြည့်လိုက်သည်။တကယ်ဆိုးသွမ်းတဲ့ဧကရာဇ်ပဲ ဘာစကားတစ်ခွန်းမှတောင်မမေးပဲ အကုန်လုံးကိုသတ်ပစ်လိုက်သည်တဲ့