(၂၂)Z/U
670 55 2
Zawgyi
_______
ရှောင်းဟုန်အခုဆိုနန်းတွင်းထဲရောက်နေတာ ၃လကြာပြီဖြစ်သည်။ရှောင်းဟုန်ရဲ့အလုပ်က အရင်ကသူနေခဲ့သည့် စွန့်ပစ်နန်းဆောင်ကိုစောင့်ကြပ်ရသည့်အလုပ်ဖြစ်သည်။တစ်ခါတလေတော့ထူးဆန်းစွာ အရှင့်ကိုရံဖန်ရံခါတွေ့ရတက်သေးသည်။ ရှောင်းဟုန်ကတော့အရှင့်ကိုမျက်နှာချင်းမဆိုင်ရဲသေးပါ တစ်ခါတလေမျက်နှာချင်းဆိုင်မိရင် ရှောင်းဟုန်ကိုယ်တိုင်ရှောင်ထွက်သွားရသည်။
မျက်နှာပေါ်က အမာရွတ်ကြောင့်အရှင့်ကသူ့ကိုမမှတ်မိနိုင်ပါ။
ရှောင်းဟုန်ဒီနေရာကိုလာခဲ့သည့်ရည်ရွယ်ချက်ကသားလေးကိုပြန်ရှာဖို့ပင်။နွေးထွေးနေသည့်စိတ်ခံစားချက်ကြောင့်သူ့သားလေးမသေသေးဘူးဆိုတာ သူသိသည်။စွမ်းအင်နဲ့မွေးဖွားလာတဲ့သူ့သားကဘယ်လိုနဲ့လွယ် လွယ်
အဆုံးသတ်နိုင်မည်နည်း။
"အရှင်!! "
ရှောင်းဟုန်အမြန်ပင် အရှေ့ကအရှင့်ကိုအရိုအသေပြုလိုက်သည်။
ခနကတံမြတ်စည်းလှည်းတုန်းကမတွေ့ရပါဘူး ဘယ်လိုရောက်လာရတာလဲ။အရှင်ကတော့အရင်လိုပင်နည်းနည်းလေး ပိုရင့်ကျက်တာကလွဲရင် ဘယ်အရာမှမပြောင်းလဲပေ
အရင်လိုအမဲရောင်ဝတ်ရုံတော်နဲ့ မျက်နှာဖုံးကိုတစ်ဖက်သာတပ်ဆင်ထားပြီးမျက်လုံးတွေက အရင်လိုကြောက်ဖို့ကောင်းနေတုန်းပဲ ရှောင်းဟုန်နဲ့မတွေ့တာကြာတာတောင်အရှင့်ရဲ့အကြည့်တွေကနည်းနည်းမှနူးညံ့မသွားပါလား...။
ရှောင်းဟုန်အရိုအသေပေးလိုက်တော့ ရှောင်းဟုန်ကိုတစ်ချက်သာကြည့်ပြီး နန်းဆောင်ထဲဝင်သွားတော့သည်။ရှောင်းဟုန်ကနန်းဆောင်ရှေ့မှာရှိနေသည့်သစ်ပင်အိုကြီးကိုတံမြတ်စည်းလှည်းနေရတာမို့ အမြန်ပင်ဘေးကိုရှောင်ဖယ်လိုက်သည်။
အရှင်ကကျော်သွားတော့နောက်က ချန်ဖေးက သံသယအကြည့်တွေနဲ့ကြည့်နေတာကြောင့်ထိုနေရာကအမြန်ပင်ပြေးထွက်ခဲ့လိုက်သည်။ထပ်ရှိနေရင်သူ့ကိုရိပ်မိကုန်လိမ့်မည်။
"အပြင်မှာစောင့်နေလိုက်ချန်ဖေး
ချန်ဖေးက ခေါင်းညိမ့်လိုက်ပြီး ထုံးစံအတိုင်း အပြင်ဘက်မှာရပ်စောင့်နေလိုက်သည်။ခနကအစေခံကိုစကားပြောဖို့ပြင်လိုက်တော့အစေခံကထိုနေရာမှာ ရှိမနေတော့ ။ချန်ဖေးကရင်းနှီးသလိုဖြစ်နေသည့်မျက်နှာကြောင့်စကားပြောချင်နေသော်လည်း အစအနရှာမရအောင်ပျောက်သွားသည်။
ချန်ဖေးနောက်မှထိုကောင်လေးနဲ့  စကားပြောဖို့တေးထားလိုက်သည်။
ခနအကြာအရှင်ထွက်လာတာမြင်မှစိတ်သက်သာရာရသွားသည်။