(၂၄) Z/U
628 50 0
Zawgyi
_______
ရှဲ့ဟန်တို့ထျန်နိုင်ငံနဲ့ တိုက်ခိုက်ပြီး၃ရက်အကြာမှာတော့ ထိုနိုင်ငံကိုသိမ်းယူလိုက်နိုင်ခဲ့သည်။ သူ့ကိုစစ်ကြေငြာခဲ့သည့်ဘုရင်ကိုသူကိုယ်တိုင်သတ်ပစ်ခဲ့ပြီး ကျန်တဲ့ဆွေမျိုးတွေအားလုံးကိုပါသေဒဏ်ပေးခဲ့သည်။
ညှီစို့စို့သွေးနံ့တွေရမှရှဲ့ဟန်ရဲ့စိတ်တွေပိုလ
ပြီးလန်းဆန်းလာသလိုပင်....
"အရှင်"
"အင်း"
"နန်းတော်ကိုပြန်လိုက်ပါတော့ဒီကိစ္စကိုကျွန်တော်မျိုးရှင်းပစ်လိုက်ပါ့မယ် "
"ကောင်းပြီ"
ရှဲ့ဟန် က ချန်ဖေးကိုချန်ထားခဲ့ပြီးသွေးအလိမ်းလိမ်းတွေဖြစ်နေသည့် ထိုနေရာကနေထွက်လာခဲ့သည်။
နန်းတော်ကိုရောက်တော့ သူ့နန်းဆောင်ဆီမသွားပဲ သွေးတွေဖုံးလွှမ်း နေတဲ့ဝတ်ရုံ နဲ့ ရှောင်းဟုန်ရဲ့နန်းဆောင်ဆီဦးတည်ခဲ့သည်။
"အရှင်! "
ရှောင်းဟုန် အိပ်ဆောင်ထဲမှာသန့်ရှင်းရေး လုပ်ပြီးထွက်လာတော့ကြောက်စရာကောင်းသည့်အရှင့်ကိုတွေ့လိုက်ရသည်။ သွေးတွေပေကျံနေတဲ့ဓားကိုဆွဲလာသည့်ပုံစံက
ဘာလဲ... ရှောင်းဟုန်ကိုမှတ်မိပြီးသတ်ပစ်မလို့လား
ရှောင်းဟုန်ရဲ့ လက်ပေါ်ကကိုင်ထားသည့်ရေပုံးကော ကြမ်းသုတ်ဝတ်တွေပါကြောက် လန့်မှုကြောင့်အောက်ကိုပြုတ်ကျကုန်သည်။
"ဘယ်လိုလုပ်နေတာလဲ!! "
ရှဲ့ဟန်အော်လိုက်တော့ထိုကောင်လေးကလန့်ပြီးနောက်ဆုတ်လိုက်တော့ဖိတ်စင်ထားသည့်ရေတွေကြောင့် ထိုအစေခံကောင်လေးလဲကျမလိုဖြစ်သွားခဲ့တယ်။ရှဲ့ဟန်လဲ သူ့ရှေ့ကစိတ်ပျက်စရာမြင်ကွင်းကိုမမြင်ချင်တာကြောင့်ထိုကောင်လေး ကို အမြန်ပင်ထိန်းပေးလိုက်သည်။
"ရှောင်းဟုန်!"
ထိုမျက်လုံးတွေသူသိပ်သဘောကျရသည့်မျက်လုံးကြည်လဲ့နေတဲ့မျက်လုံးတွေ ရှဲ့ဟန်ရဲ့ ဦးနှောက်ကိုအလျင်အမြန်ပင်အလုပ်ပေးလိုက်သည်။
"လာခဲ့"
ရှဲ့ဟန်ထိုကောင်လေးရဲ့ လက်ကိုဆွဲ ယူလိုက်ပြီး နမ်းဆောင်နောက်ကကြာကန်ကြီးဆီဆွဲခေါ်ခဲ့သည်။