(၃) Z/U
1.1K 93 0
Zawgyi
_______
ရှဲ့ဟန် အတော်ကျေနပ်နေမိသည်။အမတ်တွေက သူ့ကို မိဖုရားမြှောက်ဖို့ခနခနပြောနေတာ စိတ်ပျက်ဖို့ကောင်းတယ် အသက် ၂၀အရွယ် လူတစ်ယောက်က ဒီလောက် အိမ်ထောင်ပြုဖို့လောနေဖို့လိုလို့လား။ခုတော့ ဒီကောင်လေးကိုခေါ်လာသည်မို့ ဘာမလိုတော့ အပြင်မှာလုပ်စရာမလိုပဲ ကလေးရတာနည်းလား။
"ရှောင်းဟုန်ကိုဘယ်ခေါ်သွားမလဲ မပြောရသေးဘူးနော်အရှင် "
“ငါကိုယ်တော်ကနန်းတော်ကလွဲပြီးမင်းကိုဘယ်ခေါ်သွားမယ်လို့ထင်ရတာလဲ ရှောင်းဟုန်”
"ရှောင်းဟုန် ... ဟို "
"ကိုယ်တော်တို့ မနက်ဖြန်မှ နန်းတော်ကိုရောက်လိမ့်မယ်"
နေလုံးက အတော်ပင်စောင်းနေပြီမို့မကြာခင်နေ၀င်တော့မည် တောကြီးထဲ မှာသူတို့လိုလူတွေအတွက်ပြသာနာသိပ်မရှိပေမဲ့ရှောင်းဟုန်လိုမပေါ့မပါးနဲ့လူကတော့မတူပေ...
"ဒါဆိုရှောင်းဟုန်တို့ ဒီနားကရွာထဲနားကြမှာလား "
"ဒီတောနက်ထဲမှာ မင်းတို့လိုထူးဆန်းတဲ့မျိုးနွယ်စုထပ်ရှိသေးတာလား "
"ဟို... ရှောင်းဟုန်က "
"ဘာလို့ကြောက်လန့်နေရတာလဲ ကိုယ်တော်ကမင်းခင်ပွန်းပဲလေ စကားကို လွတ်လွတ်လပ်လပ်ပြောပါ "
"ရှောင်းဟုန်မရဲပါဘူး "
ခင်ပွန်းဆိုတဲ့စကားကြောင့်ရှောင်းဟုန်မျက်နှာရဲခနဲဖြစ်သွား
သည်။အချစ်ဆိုတာဘာမှန်းမသိခဲ့ရတဲ့ ရှောင်းဟုန်ကရုတ်တရက်ဒီလိုအခြေအနေရောက်သွားတော့ ဘယ်လိုနေရမလဲ မသိတော့...
ရှောင်းဟုန်ရှက်နေသည်ကိုအရှင်ကသတိထားမိပုံရသည်စကားကိုအမြန်လက်စသတ်လိုက်ပြီး
“ထားပါတော့မင်းပြောတဲ့ရွာက
တည်းစရာနေရာမှာနားတာပေါ့ ”
“အရှင့်သဘောအတိုင်းပါ”
ရှဲ့ဟန်တို့ ရှောင်းဟုန်ပြောတဲ့နေရာကိုရောက်တော့စည်ကားနေတဲ့လူ
တွေသူတို့ အစကမတွေ့မိရှဲ့ဟန်
နောက်လှည့်ကြည့်လိုက်တော့ သူနဲ့အတွေးတူနေပုံရသည် ချန်ဖေးကသူ့ကိုကြည့်နေသည်။