(၁၀)Z/U
804 73 2
Zawgyi
_______
"ကြင်ယာတော်ဖြေးဖြေးသွားပါဗိုက်က "
ရှောင်းဟုန်မနက်စာပွဲတော်တည်နေရင်းအပျိုတော်တွေ ပြောနေသည့် စကားကိုကြားလိုက်ရသည်။အရှင်နဲ့ စစ်သူကြီးချန်ဖေးကတောကစားထွက်တာ လုပ်ကြံသူတွေနဲ့တွေ့ပြီးချန်ဖေးကဒဏ်ရာရခဲ့သည်တဲ့ ဒါဆိုအရှင်ကကော နောက်ကလိုက်လာသည့်အစေခံတွေကိုဂရုမစိုက်အားတော့
ရှောင်းဟုန်ခြေဗလာနှင့်အရှင့်ရဲ့နန်းဆောင်ကိုရောက်လာခဲ့သည်။တံခါးကိုတွန်းဖွင့်လိုက်တော့ ထိုင်ခုံပေါ်ထိုင်နေသည့် ချန်ဖေးကို သမားတော်ကြီးကဆေးထည့်ပေးနေတာကိုတွေ့  လိုက်ရသည်။
"ချန်ဖေး ဒဏ်ရာရလာတယ်ဆို "
"ကြင်ယာတော်! "
ချန်ဖေးမြင်လိုက်သည့်ကြင်ယာတော်ကို အရိုအသေထပေးလိုက်သည်။
"မဖြစ်စလောက်ဒဏ်ရာလေးပါ "
ရှောင်းဟုန်နဖူးပေါ်ကချွေးစကိုသုတ်လိုက်ပြီးချန်ဖေးရဲ့လက်မောင်း ပေါ်က ဒဏ်ရာအနည်းငယ်ကြောင့်စိတ်သက်သာရာ ရသွားသည်။ဒီလောက်ဆိုအရှင်ကမထိခိုက်နိုင်လောက်ဘူးမှတ် လား
သူအရှင့်ကိုမေးဖို့ပြင်နေချိန်မှာပဲ တံခါးဒုန်းစိုင်းဖွင့်လိုက်သည့်အသံကြောင့်ချက်ချင်းပင်နောက်လှည့် ကြည့်လိုက်တော့အရှင် ရှောင်းဟုန်အရှင့်ရဲ့ကိုယ်ပေါ်ကိုကြည့်ပြီး ဒဏ်ရာရမရစစ်ဆေးကြည့်နေသည်။ အရှင့်ရဲ့ကိုယ်ပေါ်ကိုကြည့်နေတဲ့ရှောင်းဟုန်က တစ်ဖက်သာဖော်ထားသည့်မျက်နှာပေါ်ကခက်ထန်မှုကို ဂရုမပြုမိ
"အပျိုတော်တွေကကိုယ်တော်ရဲ့ အဆောင်ကို အလောတကြီးနဲ့ပြေးဝင်သွားတဲ့လူရှိတယ်လို့ပြောနေသံကြားခဲ့တာ ကြင်ယာတော်လေးဖြစ်နေတာကိုး "
ရှဲ့ဟန်ခုံရှိရာလျှောက်သွားရင်း ရှောင်းဟုန်ရဲ့ ခြေတောက်ကိုစိုက်ကြည့်နေသည်။
ဖိနပ်တောင်မစီးနိုင်လောက်အောင် ချန်ဖေးကိုစိတ်ပူနေတာလား။ဘာလို့လဲသူကမကောင်းဆိုးဝါးတစ်ကောင်လိုရုပ်ရည်ရှိနေလို့သဘောမကျတာလား
"ဟိုရှောင်းဟုန်က ချန်ဖေး ဒဏ်ရာရလာတယ်ဆိုလို့"
"ဒါကြောင့်ဖိနပ်တောင်မစီးနိုင်ပဲပြေးလာတယ်ပေါ့ဟုတ်လား!! "