•Unicode•
“ ခင်ဗျား အိမ်မှာပဲနေေတာ့နော် ကြားလား! ”
“ အင်း ”
ကန္တာလွင် ၀မ်းသာမျက်ရည်တို့တောင် ကျချင်မိသည်။ ဘ၀မှာ နာကျင်စရာတွေအများကြီးထဲက ပထမဆုံးနွေးထွေးမှုနဲ့ ဂရုစိုက်မှုတွေ ရလာတာ ဖြစ်သည်။ မျက်နှာညိုးကျကာ မှိုင်သွားသည်ကို ပြည်မင်းနိုင် ချက်ချင်းဆိုသလို သတိထားမိသွားသည်။
“ ကိုကန္တာလွင် ”
“ အင်း ”
“ မုန်းတယ်ဆိုတဲ့ဆန့်ကျင်ဘက်စကားက ခင်ဗျားကို မောင် တစ်သက်လုံးပြောသွားမယ့် စကားနော် ”
“ ဘယ်လို! ”
“ မောင်ကို မယုံနိုင်သေးဘူးဆိုတာ သိပါတယ် ဒါပေမယ့် လိမ်ညာပြီး မပြောပါဘူး မောင် တကယ်ချစ်တာပါ ”
ကန္တာထိုစကားတို့ကို ခဏခဏ ကြားချင်တာမှန်ပေမယ့် ရုတ်တရတ် အမြဲပြောခံနေရတော့လည်း နားရှက်ပြန်သည်။ ထို့ကြောင့် စကားလမ်းကြောင်းပြောင်းလွှဲကာ
“ မင်းအလုပ်သွားရင်သွားတော့လေ နောက်ကျလိမ့်မယ် ”
“ ဟုတ်ပါပြီ ချစ်တယ် ”
ပြည်မင်းနိုင် တစ်ယောက် ပြောချင်ရာပြောပြီး ထွက်သွားတော့လေသည်။
••••••••
ကန္တာလွင်တစ်ယောက် ခြံထဲသို့ ဆင်းထိုင်ရင်း ဟိုကြည့်ဒီကြည့်ဖြင့်သာ ငေးနေလေသည်။ တစ်စုံတစ်ယောက်ကို လွမ်းလာသလို သတိရလာသလိုဖြစ်နေသည်။ ခုံတန်းလျားပေါ်မှာ ထိုင်နေကာ ဖူးပွင့်ဝေဆာနေသော ဇီဇဝါပန်းတို့ရှိရာ သစ်ပင်ကြီးကို မြင်တွေ့သွားလေသည်။
ထိုအပင်ကြီး ဆီရောက်အခါ မမှီမကန်း ခြေဖျားတို့ကို စုံပင် ထောက်ကာ ခူးနေလေရဲ့။ ဒါတောင်မမှီသေးပေ။ သစ်ပင်ကိုင်းသည်အလွန်တစ်ရာမှ မြင့်လွန်သည်။ လူအရပ်နှစ်ပြန်စာလောက်ရှည်လျားသော အပင်မို့ ခူးဖို့မမှီပေ။ သို့သော် ကန္တာလွင်မှာ ဘာစိတ်ကူးပေါက်နေမှန်းမသိအောင် ထိုပန်းကိုမှ လိုချင်နေလေရဲ့။
ရုတ်တရတ် ခုန်နေသော နေရာကနေ ဘယ်ကဘယ်လိုမှန်းမသိမှီသွားလေသည်။ သေချာတာတစ်ခုခုကတော့ အောက်တွင် တစ်စုံတစ်ခုက သူကို ပင့်ပေးထားသည် ဆိုတာကို သိသည်။ သိချင်စူးစမ်းလိုစိတ်ဖြင့် အောက်သို့ မျက်စိလည်း တစ်ချက်လှည့်ကြည့်လိုက်ချိန်