●Unicode●
“ ကိုကန္တာလေး! ခင်ဗျားကို လုံး၀ချစ်တယ် ဗျို့! ”
“ မင်းတစ်ခြားစကားမပြောတတ်ဘူးလား! ”
“ မပြောတတ်ချင်ပါဘူး အဲ့စကားလေးကိုပဲ တစ်ဖွဖွနဲ့ ထိုင်ပြောပြနေချင်တာ ”
ပြည်မင်းနိုင်တို့ကတော့ လက်ကောခြေကောမြောက်ရလောက်တဲ့အထိကို အပြောတို့ကတော့ လေပေါ်မှာဖြစ်သည်။ မလျော့ကျသော တစ်စုံတစ်ရာ မျှော်လင့်ချက်တွေမပါပဲ ထိုကောင်လေးကို ချစ်မိတာလည်း သူ၀ဋ်ကြွေးလို့ မပြောနိုင်ဘူးလေ။ သူကိုယ်တိုင်က ရူးမူးအောင် ချစ်မိသတဲ့ကို။
“ ကျုပ် အိမ်မှာ နေရတဲ့ အလုပ်ကြီး မလုပ်ချင်ဘူး မောင်ပြည်မင်းနိုင် ”
“ ခင်ဗျား ဆေးရုံတော့ ပြန်သွားဖို့ စိတ်မကူးနဲ့နော် ”
“ ကျုပ်က ဒေါက်တာတစ်ယောက်လေ ဆေးရုံမသွားလို့ ကူလီထမ်းရမှာလား! ”
“ ခင်ဗျား လင် ကျုပ်က ဘာအပင်ပန်းမှ မခံခိုင်းပဲ ဒီလောက် အေးဆေးနေခိုင်းတာကို ခင်ဗျားက ပေါက်ကရ အလွန်လုပ်ချင်နေတာ ”
“ မင်းကလည်းကွာ ”
“ မရဘူးနော် ကျုပ် လုံး၀ခွင့်မပြုဘူး ခင်ဗျားကို အခြားသူ အော်ငေါက်ဖို့မပြောနဲ့ ကျုပ် ကိုယ်တိုင်တောင် မအော်ချင်ဘူး! ”
ပြည်မင်းနိုင် တစ်ယောက် အရင်က ချာတိတ်အရွယ်မဟုတ်တော့ပါ။ ရင့်ကျက်တည်ငြိမ်လာတဲ့ လူငယ်ပေါက်လေးကိုဖြစ်နေပြီဖြစ်သည်။ ချစ်ခြင်းမေတ္တာဆိုတာ နုညံ့ပျော့ပြောင်းမှုဆိုတာ လက်မခံချင်လည်း လက်ခံရတော့မည် ဖြစ်သည်။
“ မင်းဘာလို့ အဲ့့လောက် ကပ်စေးနှဲတာလဲ! ”
“ ခင်ဗျားမို့လို့ ”
“ ဘာကွ! ”
“ ဟုတ်တယ်လေ ခင်ဗျားကို မျက်လုံးနဲ့ကြည့်ရင်တောင် အဲ့လူမျက်လုံးကို ကျုပ်က ဖောက်ပါထုတ်ပစ်ချင်တာ ”
သူပြောနေသော စကားတို့က ရုတ်တရတ် ကြက်သီးများတောင် ဖျန်းကတည်းထသွားစေသည်။
“ မင်းကလည်းကွာ ကြောက်စရာကြီး ”
“ ခင်ဗျားနဲ့ပက်သက်ရင် ကျုပ်အကုန်လုပ်ရဲပါတယ်ဆို ”