// U //
ပုဂံပြည်ရဲ့ နေ၀င်ချိန်ညနေဆည်းဆာဟာ အလွန်လှပ ေနသည်။ ဆောင်းတွင်းမို့ထင်၏။ အေးစိမ့်စိမ့်အငွေ့သက်ကြောင့် သောက်လိုက်တဲ့ black coffeeပူပူလေးတောင် ပုံမှန်ထက်ပိုကောင်းနေသည်။ ချစ်လှစွာသော မောင့်အချစ်ကတော့ အိပ်ယာပေါ်မှာ ခွေခွေလေး အိပ်နေသည်။
လက်ထပ်ပြီးတည်းက ခရီးတွေဘာတွေသေချာမသွားဖြစ်ဘူးဗျ။ ဘာလို့ဆို ကျုပ်ရဲ့ချစ်ရသူက ပင်ပန်းတဲ့ဒဏ်မခံနိုင်ဖူးတဲ့လေ။ အခုတောင်ကြည့်ပါလား။ ဒီနေ့မှ မနက်စောစောလေး ခရီးစထွက်တာ ညနေ ခရီးဆုံးတော့ သူကပင်ပန်းလိုက်တာလို့ ညည်းညူပြီး အိပ်ပျော်သွားလေရဲ့။
တကယ့်ကလေးဆိုးကြီးပါဗျာ။ သူနိုးလာရင် ဗိုက်ဆာတယ်ဆိုပြီး ရစ်အုန်းမယ်။ ဒါတွေကြိုသိနေတဲ့ ကျွန်တော်ကျ သူအကြိုက် မုန့်စိမ်းပေါင်းကို ဈေးတန်းကနေ သွား၀ယ်ပေးထားရတယ်ဗျ။ ပြောရင်း ဆိုရင်း ကိုကန္တာလွင်နိုးထလာပါပြီ ခင်ဗျာ။
“ မောင့်သက်လယ်လေး စက်တော်ခေါ်လို့ ကောင်းရဲ့လားဗျ ”
“ မောင်နော် ”
မျက်စောင်းလေးထိုးပြီး ရွဲ့သလိုမေးလာသော သူထံ နက်ရှိုင်းသော အကြည့်တို့ ပို့လိုက်တော့သည်။
“ ဟော မောင်အတည်မေးတာကို ခွေးစိတ်နဲ့ရန်လိုပြန်ပြီ ”
“ ဘာကွ! ”
ပြည်မင်းနိုင် ရီလည်းရီချင်သည်။ ရီမိရင်လည်း ရွှေစိတ်တော်က ကောက်အုန်းမယ်။
“ မောင်က ချစ်လို့ စတာပါဗျာ စိတ်လေးကိုလျော့ပါဗျ ”
“ မလျော့နိုင်ဖူး ကျုပ်ဗိုက်ဆာတယ် မောင် ”
“ စားပွဲပေါ်မှာ မုန့်စိမ်းပေါင်း ခင်ဗျားတွက် အဆင်သင့်ပါဗျာ ”
“ မောင်ခွံကျွေးလေ ”
ခပ်ချွဲချွဲလေသံလေးဖြင့် လိုချင်တာပူဆာသလိုရုပ်လေးပြုလုပ်လိုက်သည်။ ပြည်မင်းနိုင် ရင်ခုန်သံတွေက စလို့ အူတွေအသည်းတွေပါပြုတ်ထွက်မတက် ချစ်လိုက်တာ မောင့်ကန္တာရယ်။
မုန့်စိမ်းပေါင်းအထုတ်လေးကို စားပွဲပေါ်မှ ယူပြီး ခွံကျွေးလိုက်တော့ အလိုက်သင့်ပါးစပ်လေးဟပေးသည်။ စနောက်ချင်တဲ့စိတ်လေးဖြစ်လာတော့ ကန္တာပါးစပ်ထဲခွံ့တာ ရောက်ခံနီးမှ ပြန်ထုတ်ပြီး ပြည်မင်းနိုင် သူ့ပါးစပ်ထဲ အမြန်ထည့်လိုက်လေသည်။