*126* ကျွန်တော်ခင်ဗျားအတွက်မီးပင်လယ်ကိုဖြတ်ပေးမယ်

8.9K 1.6K 69
                                    

ရုန်စုနဲ့ ရုန်ဟွမ်တို့ မြို့ပြင်ကိုရောက်လာတဲ့အချိန်မှာတော့ မိုးကြိုးစမ်းသပ်မှုခံယူထားတဲ့ နေရာမှာ မီးကျွမ်းနေတဲ့ ခန္ဓာကိုယ်အစုလိုက်ကို တွေ့လိုက်ကြရလေသည်။ သူတို့အမြန် ပြေးသွားကြည့်လိုက်ပြီး ဒုတိယအကြီးအကဲနဲ့ တတိယအကြီးအကဲတို့ ဆိုတာကိုတွေ့လိုက်တဲ့အခါ စိုးရိမ်တကြီးမေးမြန်းလိုက်၏။
"နှုတ်ဆက်ပါတယ် အကြီးအကဲတို့.. အဆင်ပြေကြပါရဲ့လား"

ဒုတိယအကြီးအကဲက လေထဲမှာ ပျံသန်းရင်းနဲ့ တခစ်ခစ်ရယ်မောနေတဲ့ ဖုတ်ကောင်လေးကို သူ့ရဲ့တုန်ရီနေတဲ့ လက်ချောင်းတွေနဲ့ ညွှန်ပြလာကာ
"ဒီကလေးက တစ်ကယ့်ကို တစ်ခုခုဘဲ"

သူနဲ့ တတိယအကြီးအကဲတို့က မဟာယာနအဆင့်က ကျင့်ကြံသူတွေဖြစ်ကြပေမဲ့ ရှက်စရာကောင်းလောက်အောင် ကလေးတစ်ယောက်ဆီကနေ အရိုက်ခံခဲ့ကြရလေသည်။

ရုန်ဟွမ် "......"

ကျန်းမုရဲ့ ကျင့်ကြံဆင့်က သခင့်ထက်တောင်မြင့်မားသေးတယ်လို့ ရှင်းဟယ် ပြောဖူးလေသည်။ သူက သေချာပေါက်ကို တစ်ခုခုဘဲပေါ့..။

ဒါ့အပြင် ရုန်ယိကလည်း သူ့သား အပြင်ဘက်မှာ အနိုင်ကျင့်ခံရမှာစိုးတာကြောင့် သူအားတာနဲ့ တိုက်ခိုက်ရေးမှော်သိုင်းကွက်တွေ သင်ကြားပေးလေ့ရှိသည်။ သူက ကျန်းမုသင်ယူလို့ရတဲ့ သိုင်းကွက်မှန်သမျှကို သင်ပေးပြီး သူ့ရဲ့တိုက်ခိုက်ရေး အတွေ့အကြုံတိုးတက်လာအောင် ရှန်းလွီ့နဲ့ပုချီတို့ကိုပါ သူ့လေ့ကျင့်ဖော်အဖြစ် လုပ်ပေးဖို့ပြောထားသေး၏။

အစကတော့ ရှန်းလွီ့နဲ့ပုချီတို့က ကျန်းမုကို အနိုင်ယူနိုင်ခဲ့လေသည်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကလေးကို အခွင့်အရေးယူဖို့ကိုအသာထား ဒုက္ခိတဖြစ်သွားအောင် အရိုက်မခံရတာကတင် တော်တော်လေးကံကောင်းနေပြီဟု သူတို့ခံစားခဲ့ကြရလေသည်။

ဒီအတောအတွင်းမှာလည်း ရုန်ယိက ရှင်းမော့ခန်းမမှာဖြစ်ခဲ့တဲ့ကိစ္စမျိုးတွေ ထပ်မဖြစ်လာနိုင်အောင်လို့ အဆင့်၉ ချပ်ဝတ်အစုံလိုက်ကို ဘယ်လိုသန့်စင်ရမလဲဆိုတာ လေ့လာနေလေသည်။

တတိယအကြီးအကဲက ဆေးလုံးအချို့ကို အမြန်ထုတ်ယူကာ သောက်လိုက်ပြီး ကျန်တာကို ဒုတိယအကြီးအကဲနဲ့ ကျန်တဲ့သူတွေကို ကမ်းပေးလိုက်၏။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now