(၁)

735 32 0
                                    

" အားးးးး ... ရှင်က ဘယ်သူလဲ "

ဖြတ်ကနဲ လွင့်တတ်လာတဲ့ ခြေထောက်ကို ရှင်းသန့်မရှောင်လိုက်နိုင်ဘူး ...

' သောက်ချီးထဲမှ '
ကိုယ့်ကုတင်ပေါ်မှာကိုယ်နေပြီး ကန်ချခံရတဲ့အဖြစ်ကို တွေးမိသွားတော့ ဒီတိုက်ပေါ်ကနေ ခုန်ချချင်စိတ်ပေါက်လောက်အောင် ရှက်သွားတယ် ...
ရှက်ရှက်နဲ့ အရှေ့က မိန်းကလေးကို မော့ကြည့်တော့ နို့နှစ်ရောင်အသားအရည်နဲ့ ...

' အိုး အမေရေ မထိရက်မကိုင်ရက်ချင်စရာလေး !!! '

" ဘာကြည့်တာလဲ ... " ဆိုပြီး ပစ်ပေါက်လိုက်တယ် ခေါင်းအုံးပျံကိုလည်း ရှင်းသန့်မရှောင်နိုင်ခဲ့ပါဘူးလေ ...

" အာ ... ဆောရီးဆောရီး ဒါကိုယ့်အိမ်လေ မင်းက ဘယ်လိုဝင်လာရတာလဲ ?? "

တကယ်ပါ ဘုရားစူး မနေ့ညက ဘာမှတောင်မသောက်မစားဘဲ သုံးရက်လုံးမအိပ်ဘဲ စာထိုင်ရေးနေတဲ့ ခန္ဓာကိုယ်ကို အနားပေးဖို့ ဘာမီတွန်လေး တစ်ခြမ်းသောက်ပြီးအိပ်မိသွားတာရယ်ပါ ...
မနက်မိုးလင်းတော့ အခုလိုတွေဘာလို့ဖြစ်သွားမှန်း စဉ်းစားလို့တောင် ရမနေဘူးရယ် ...

" ဟင် ... " ဆိုတဲ့အသံနဲ့ သူ့ကိုယ်သူငုံကြည့်ပြီး ကောင်မလေးက ခန္ဓာကိုယ်အနှံ့ကိုလိုက်ကြည့်တယ်
ရှင်းသန့်မမြင်ရတဲ့ စောင်အောက်ထဲက အပိုင်းတွေကိုပေါ့ .... ပြီးတော့ ဘေးနားမှာထောင်ထားတဲ့မှန်ကို ရုတ်တရက်ဆွဲယူပြီး သူ့ပုခုံးကိုကြည့်တော့

" ဒီမှာ ... ဒါရှင့်လက်ချက်မဟုတ်လို့ ဘယ်သူလက်ချက်လဲ !!!"

" အမ် ... ကိုယ်မသိဘူးနော် မိန်းကလေး "
ယောင်ယောင်အအနဲ့ဆိုတော့ အနှီအဖြူကောင်လေးက အကြည့်စူးစူးနဲ့ကြည့်လာတယ် ...
အကြည့်ကိုချက်ချင်းပြန်ရုတ်သိမ်းပြီး ခေါင်းကိုငုတ်ချကာ ...

" တာဝန်ယူပေး .... " တဲ့လေ

အမလေး အတွင်း သုံးဆယ့်ခုနှစ်မင်း အပြင်သုံးဆယ့်ခုနှစ်မင်း အကုန်လုံးကို ပင့်ပါတယ် တပည့်တော်မကို ဆောင်မတော်မှုပါလို့ စိတ်က ကြိတ်ဆုတောင်းပစ်လိုက်တယ် ...

ဘယ်နှယ့် မြင်တောင်မမြင်ဖူးတဲ့ မိန်းကလေးကို ဘာအကြောင်းကြောင့် တာဝန်ယူရမှာလဲ
ပြီးတော့ ဒီကိစ္စက ကိုယ်လုပ်ထားတဲ့ ကိစ္စလည်းမဟုတ် ....

မှားယွင်းသော ချစ်ခြင်း စစ်မှန်သော မေတ္တာ Where stories live. Discover now