(၆)

241 21 0
                                    

" ဟိုနေ့က ကိစ္စအတွက်တောင်းပန်ပါတယ် ... "

ခေါင်းကိုငုံ့ကာ အားနာနေပုံရတဲ့အစ်မကြောင့် လင်းဝတ်ရည်ချို သနားသွားမိသည် ... တကယ်တော့ အဲ့နေ့က သူမက အရှက်သည်းမိသွားတာမဟုတ်ပေလား
တကယ်ဆို သူမဘက်က မှားခဲ့တာကြီးဘဲမလားလေ ... ။

" အစ်မက တောင်းပန်စရာမလိုပါဘူး ... ညီမက သောက်ပြီးတိုင်း အဲ့လိုလွတ်နေတဲ့ပုံဘဲ "

အစ်မက သူမကိုတွေတွေလေးမော့ကြည့်ပြီး ...

" တကယ်လို့သောက်ချင်သေးရင် ကိုယ့်ဆီလာလေ ... ဒီလိုပုံစံက ကိုယ်တစ်ယောက်ထဲမြင်သင့်တာမို့ တခြားလူတွေကို မပြရက်ဘူး "

အစ်မပြောတဲ့အဓိပ္ပါယ်က မရှင်းလင်းပေမယ့် နှလုံးသားကတော့ အစ်မပြောတဲ့စကားအဓိပ္ပါယ်ကိုနားလည်တဲ့ပုံနဲ့ ခုန်ပေါက်လာလေသည် ...
စိတ်ထဲ အစ်မက ငါ့ကိုဖွင့်ပြောနေတာလားလို့ အကြိမ်ကြိမ်မေးနေပေမယ့် အပြင်မှာ ခေါင်းကြီး အတင်းငုံ့ကာ ပါးနှစ်ဖက်လုံးရဲပလောင်းခက်နေတော့သည်လေ ...

" ကိုယ် မင်းကို သဘောကျနေမိပြီထင်တယ် ... "

စကားသံခပ်တိုးတိုးကြောင့် ရင်တွေပိုတိုးလို့ခုန်လာသည် ...
သူမက အချစ်ကို စည်းတွေမထားပေမယ့် ပထမဆုံးရင်ခုန်ဖူးသူမို့ ထင်တာထပ်ပိုပြီး အရှက်သည်းနေမိသည်လေ ...

" ပြန်တော့မယ် ... ကိုယ် မင်းကို ဒီထပ်ပိုကြည့်မိရင် အပိုင်သိမ်းချင်စိတ်တွေပေါ်လာမှာဆိုးလို့ "

လှည့်ထွက်သွားတဲ့ ခြေလှမ်း ငါးလှမ်းမြောက်မှာ သူမဘက်ကိုပြန်လှည့်လာသည် ...
သူမကို ပြန်လှည့်နမ်းမယ်ထင်တဲ့ လင်းဝတ်ရည်ချိုတို့က ရှင်းသန့်စကားမှာ ငါးပါးမှောက်တော့တာဘဲ ...
သူဘဲဖွင့်ပြောပြီး သူမကို ... !!!

ထိုရှင်းသန့်လင်းပြောသော စကားကား
" ကိုယ့်ကို အဖြေပြန်မပေးနဲ့ ... ကိုယ်မလိုချင်ဘူး " ဟူ၍ပင် ... ။

ဆိုးရွားလိုက်တာ ဆိုးရွာလိုက်တာဘဲ ရေရွတ်ရင်း အိမ်ပေါ်ကို ပြန်တတ်လာမိသည် ...
သူမက ပထမဆုံး အစ်မကိုမှ ရင်ခုန်ဖူးတာမို့ ချစ်ခြင်းအကြောင်းတရားတွေကို သေချာပေါက်အများကြီးနားမလည်ပါဘူးလေ ...
ဒါပေမယ့် ဒါက အဖြေမပေးနဲ့ဆိုတဲ့ သဘော ... သူမကို အရေးမလုပ်တဲ့သဘောကြီးမဟုတ်ဘူးလေ
အစ်မပြောချင်တဲ့ အဓိပ္ပါယ်က ... " မင်း ခံစားချက်ကို ကိုယ်ထည့်မတွက်ဘူး " လို့ပြောတယ်လို့ဘဲ သူမတွေးနေမိတာ ...

မှားယွင်းသော ချစ်ခြင်း စစ်မှန်သော မေတ္တာ Where stories live. Discover now