(၁၁)

165 12 0
                                    


၃လလောက်အထိ အရာရာဟာ ပုံမှန်အတိုင်းလည်ပတ်ခဲ့ပေမယ့် အစ်မ စာအုပ်စထုတ်ဝေသည့်အချိန်မှစ၍ အစ်မဟာ သူမကို အချိန်မပေးနိုင်တော့ချေ ... ။

လိုက်ကပ်တွယ်ထားသည့် သူမပင်ရှက်လာရသည် အထိ အစ်မဟာ သူမအပေါ်အရေးမပေးလွန်းတော့ နဂိုထဲက ဒဏ်ရာရနေတဲ့ စိတ်ကလေးဟာ ပို၍ပင်ပန်းလာတော့သည်က ... ။

အစ်မ အလုပ်ရှုပ်နေတုန်း သူမခံစားချက်နဲ့ တိုက်ဆိုင်လွန်းလှတဲ့ Double Jရဲ့ နီးနီးလေးနဲ့ဝေးဆိုတဲ့ သီချင်းကို ဖွင့်ထားမိသည် ... ။
' အစ်မ သတိထားမိရင် သိပ်ကောင်းမှာ ... '

သို့ပေမယ့် မြည်လာတဲ့ ဘဲလ်သံကြောင့် အစ်မဟာ အပြေးတပိုင်း အိမ်ရှေ့သို့ပြေးထွက်သွားပြန်တယ် ...
ထပ်ပြီး ဟိုအမျိုးသမီးပင် ... ကလေးသာသာ သူမကို ပိုပြီး သိမ်ငယ်စေတဲ့ ရပ်ဝန်းဟာ အဲ့ဒီအမျိုးသမီးပင်ဖြစ်သည် ။

အစ်မကို ဘာမှမကူညီနိုင်တဲ့ ကလေးသာသာ သူမဟာ ထိုအမျိုးသမီးက အစ်မကို အရာအားလုံး ထောက်ပံ့ပေးနေတာ မြင်ရတော့ ပို၍အားငယ်ရသည် ... သို့ပေးမယ့် အစ်မက ထိုအကူအညီများကို မယူသည်ကြောင့် စိတ်အေးရပြန်သည် ။

" ဪ ဝတ်ရည်‌လေး လည်းရောက်နေတာဘဲ ... ဒီနေ့ ရှင်းက ပါတီတစ်ခုရှိတယ်လေ အဲ့တာ သွားဖို့ လာဝင်ခေါ်တာ မင်းကောလိုက်မှာလား? "

အဲ့အမျိုးသမီးတွေရဲ့ ချိုချိုသာသာ အပြုံးတွေမုန်းသည် ... ဟင့်အင်း မုန်းသည်ဆိုတာထပ် ပိုသည်ပြောရမည် ။
တွဲနေတဲ့ သူမထပ် အစ်မနဲ့ အချိန်အတူတူပိုရှိနေတတ်ပြီး သူမတို့ နှစ်ယောက်ကြား အမြဲကန့်လန့်ပါတတ်တဲ့ အမျိုးသမီးကို တွေ့တဲ့နေရာမှာတင် အမြဲပျောက်ကွယ်သွားပါစေလို့ ဆုတောင်းရတဲ့အထိ သူမကတော့ ထိုအမျိုးသမီးကို သိပ်အမြင်ကတ်လှသည် ။

ငြိမ်သက်နေတဲ့ သူမကို အစ်မက တချက်ဝေ့ကြည့်ပြီး
" ပင်ပန်းနေတာထင်တယ် ... အစ်မတို့ မသွားခင် ကလေးကို အိမ်ပြန်လိုက်ပို့ခဲ့မယ်နော် " ဟုပြောလာသည်ကြောင့် ...

" ဟင့်အင်း မပင်ပန်းပါဘူး ... ညီမ လိုက်ချင်တယ် ဒီညပါတီမှာ အစ်မဘေးနား ညီမရှိချင်တယ် "

မှားယွင်းသော ချစ်ခြင်း စစ်မှန်သော မေတ္တာ Where stories live. Discover now