(၁၂)

250 13 2
                                    


လူအတော်များများကို မိတ်ဆက်ပြီးနောက်မှာ ရှင်းသန့်အတော် ပြိုင်းလာမိသည် ...
ထိုကြားထဲ ကလေးငယ်လေးကို မတွေ့ရသည်မို့ ခက်ကိုမေးကြည့်ပြန်တော့လည်း ရေရေရာရာမသိပါချေ ... ။

ဟုတ်လည်း ဟုတ်ပါသည် ထိုအမျိုးသမီးဟာ သူမအနားမှာဘဲ ပွဲတောက်လျှောက်ရှိနေခဲ့သည်မဟုတ်ပါလား ။

ပူလာတဲ့ စိတ်အစုံကြောင့် ဟိုတယ်ပတ်ပတ်လည်လည်ကို သူမ လိုက်ရှာမိတော့သည် ... ။

‌ခပ်လှမ်းလှမ်းကို လှမ်းကြည့်မိတော့ သူမရဲ့ သဘောကျရတဲ့ ကလေးငယ်လေးရဲ့ ကျောပြင်သေးသေးလေးဟာ ကန်ဘောင်ထပ်မှာ ကလေးသဖွယ် ငုတ်တုပ်လေးထိုင်နေသည်လေ ...

သူလေးဝတ်လာတာဖြင့် အဖြူကို ပေမှာမကြောက် ဘာမကြောက်နဲ့ ထိုင်နေလိုက်တာများ တကယ့်ကလေးသေးသေးလေး ... ။

ရုတ်တရက်မို့ သတိမထားလိုက်မိပေမယ့် သေချာကြည့်မှ ကလေးငယ်ရဲ့ ဘေးမှာ အမျိုးသားတစ်ယောက်ဟာ မတ်တပ်ရပ်နေသည်လေ ... ။

ရှင်းသန့်လင်းရဲ့ လက်တွေတင်းကြပ်လာသလိုခံစားရတယ် ... မျက်လုံးတွေဟာ အဝိုင်းသားနဲ့ ထိုအမျိုးသားရဲ့ ကျောပြင်ကို စိုက်ကြည့်မိပြီး ရင်ဘတ်ထဲ တစ်ခုခုစုတ်ပြဲထွက်သွားသလိုခံစားရသည် ...
ပြန်လှည့်ပြေးချင်ပေမယ့် ခြေထောက်တွေဟာ နေရာမှမကြွဘဲ ဖင်ထိုင်ရက် လဲကျသွားမိသည်က ... ။

ထိုသူဟာ သေချာပေါက် ဇေယျာမောင်ဆိုတဲ့ အချိန်အကြာကြီး အတူတူရှိခဲ့သည့် ရှင်းသန့်လင်း သိသည် ... ။
ဘာကြောင့် ကလေးငယ်အနားရောက်နေလည်း မသိပေမယ့် အဲ့နေရာကို သူမ ဆက်မသွားနိုင်တော့တာ တစ်ခုသာ သိသည် ။
တစ်ယောက်ယောက်က လာပြီး ထိုလူလှည့်မလာခင်အမြန်ခေါ်ထုတ်သွားဖို့ဘဲ သူမအလိုရှိနေသည် ။

ခက်တစ်ယောက် ရှင်းသန့်နောက်ကို လိုက်လာရင်း ရှင်းသန့်လင်း ဖြစ်သွားသည်ကို အစအဆုံးမြင်လိုက်ရသည်မို့  သူမကို ပြေးပြီး ထွေးပွေ့မိသည် ...

သူမရဲ့ ရှင်းကို ထူမရင်း နားနေဆောင်သို့ ခေါ်လာခဲ့တော့သည် ... ။

______________________________________

လင်းဝတ်ရည်ချို တစ်ယောက် ပျင်းရိရိရှိလာသည်မို့ ဟိုလှည့်ကြည့်ဒီလှည့်ကြည့်လုပ်မိတော့ ဖက်တွယ်ထားတဲ့ အမျိုးသမီး၂ယောက် ...
ထိုသူနှစ်ယောက်ဟာ အစ်မနဲ့ ဟိုအမျိုးသမီးပင် ... ။

You've reached the end of published parts.

⏰ Last updated: May 15, 2023 ⏰

Add this story to your Library to get notified about new parts!

မှားယွင်းသော ချစ်ခြင်း စစ်မှန်သော မေတ္တာ Where stories live. Discover now