(၇)

273 18 0
                                    


"အစ်မ ... ဟိုဘီးကုတ်လေးအတူတူမတတ်ချင်ဘူးလားဟင်"

မျက်လုံးရွှဲကြီးနဲ့တောင်းဆိုနေတဲ့ ကောင်မလေးကို ကြည့်ပြီး ရှင်းသန့်ရင်ဘတ်ထဲက အကောင်ငယ်က လှုပ်ရှားလာတယ် ... အသည်းယားလွန်းလို့ ပါးနှစ်ဖက်ကို ဆွဲညှစ်မိတော့
အကောင်ပေါက်လေးက ငိုမဲ့မဲ့နဲ့ "နာတယ် အစ်မရဲ့ ... အစ်မ အသားမဟုတ်တိုင်း"ဟုဆိုကာ ရန်တွေ့လာတော့သည်က ။

ဒါသူတို့အတွက် ပထမဦးဆုံးဒိတ်ပင် ... သို့ပေမယ့် ကလေးအကြိုက် ကစားကွင်းကြီးလာရသည်မို့ ရှင်းသန့်နည်းနည်းစိတ်ရှုပ်မိသည်မှာအမှန် ။

တကယ်ဆို ရှင်းသန့်က ရှုပ်ရှုပ်ရှပ်ရှပ်တွေနဲ့လူများတဲ့နေရာတွေမကြိုက်သည်မို့ပင် ။

" အစ်မ ... "

အတွေးတွေနဲ့ ခပ်တွေတွေလေး ငေးနေတဲ့ သူ့ကို ကလေးမလေးက အသံပြုတယ် ...

" ပြောပါဗျာ ... " ဟုဆိုတော့ ကလေးမလေး မျက်မှောင်ကြီးကျုံ့ကာ "ပြန်ရအောင်လေ"တဲ့

သူ့လက်ကိုဆွဲပြီး ကစားကွင်းထဲက အမြန်ထွက်နေသည်မို့ တရွတ်တိုက်ပါလာတဲ့ သူက တော်တော်များများကို တွန်းတိုက်မိနေတော့သည်မို့ အနည်းငယ်အားနာစိတ်နဲ့ ဒေါသထွက်လာမိသည် ။

ထို ကလေးငယ်ရဲ့လက်ကို အားနဲ့ ပြန်ဆွဲကာ လူရှင်းတဲ့နေရာကိုသာ ဆွဲခေါ်လာမိသည် ... ။

လူရှင်းသည့် နေရာရောက်ကာမှ လူက စိတ်တိုတိုနဲ့နောက်ကိုလှည့်ကြည့်မိတော့ ကလေးမလေးရဲ့ လက်ကောက်ဝတ်အသားဖြူနုနုမှာ သူ့အားနဲ့ဆွဲထားတဲ့ လက်ရာကြီးက နီရဲလို့နေသည် ။

မျက်ရည်ဝဲနေတဲ့ကလေးမလေးကလည်း လိုတာထပ်ပိုပြီး ဝမ်းနည်းနေတဲ့ပုံမို့ ရှင်းသန့်လင်းခမြာ ဒေါသတွေအကုန်ပျက်ပြယ်သွားသည်က ... ။

" ခုနက ဘာဖြစ်လို့ ကိုယ့်ကိုအတင်းဆွဲခေါ်နေရတာတုန်း "

လေသံခပ်အေးအေးနဲ့အတတ်နိုင်ဆုံးပြောနေပေမယ့် ကလေးမလေးမျက်ရည်တွေကျလာမှာလည်း သူကြောက်သည်လေ ... ။

" အစ်မ .. အစ်မကို လိုက်ကြည့်နေတဲ့လူရှိတယ် ... အဟင့်အဟင့် "
ရုတ်တရက်ကြီး စကားပြောနေရင်းထငိုတဲ့ကလေးကြောင့် သူ့မှာခြေမကိုင်မိလက်မကိုင်မိရယ်ဘဲ ။

မှားယွင်းသော ချစ်ခြင်း စစ်မှန်သော မေတ္တာ Where stories live. Discover now