*127* မသေမရှင်လောက်ဆိုရပြီ

8.9K 1.6K 61
                                    

ယင်ကျင်းရဲ့ မေးလိုက်သည်။
"သူဘယ္လိုပုံစံလဲဆိုတာ မင်းတွေ့လိုက်ရလား"

"မတွေ့ခဲ့ရဘူး..သူကပြေးတာအရမ်းမြန်တယ်..သူက ဆံပင်အတိုနဲ့ဖြစ်နေပြီး လက်တိုအကျီအပါးနဲ့ ဘောင်းဘီရယ် တစ်ခါမှမမြင်ဖူးတဲ့ ဖိနပ်တွေဝတ်ထားတယ်ဆိုတာကိုဘဲ ကျွန်တော်တို့တွေ့လိုက်ရတာ"
ခဏလောက် စဉ်းစားပြီး ရှို့ကျို့က ဆက်ပြောလာ၏။
"ဒါ့အပြင် သူပေါ်လာတဲ့နေရာတိုင်းမှာ ကျင့်ကြံသူအချို့သေကြတယ်..အဲ့လူတွေက သူတို့ရဲ့ဝိညာဥ်စွမ်းအားတွေစုပ်ယူခံရတာ ဒါမှမဟုတ် ဝိညာဥ်တွေ စုပ်ခံလိုက်ရတာတွေချည်းဘဲ.. ဒါကြောင့် ဒါတွေကို အဲ့လူလုပ်တယ်လို့တော့ သံသယဝင်မိတယ်"

ရုန်ယိ "....."

ရှို့ကျို့ရဲ့ ပြောပြချက်တွေအရဆိုရင်တော့ ဒါက သူ့ခန္ဓာကိုယ်ဖြစ်ပြီး တစ်ယောက်ယောက်ထိန်းချုပ်တာကို ခံထားရတာ ဒါမှမဟုတ် တစ်ခြားဝိညာဥ်တစ်ခုရဲ့ အပိုင်စီးခံလိုက်ရတာဖြစ်ပေလိမ့်မည်။

ယင်ကျင်းရဲ့က မျက်မှောင်ကြုတ်ကာ
"သူ လူတွေသတ်တာကို ငါတို့လူတွေက ကိုယ်တိုင်တွေ့ခဲ့ကြတာလား"

"အဲ့လိုတော့ မထင်ဘူး"

"ဒါဆို သူ့နောက်ကို ဆက်လိုက်နေ... တစ်ခြားနည်းလမ်းမရှိတော့ဘူးဆိုရင် သူ့ကို ငါကိုယ်တိုင်လာဖမ်းမယ်"

"ဟုတ်ကဲ့"
ရှို့ကျို့က အခန်းထဲကနေပြန်ထွက်သွားတော့သည်။

ယင်ကျင်းရဲ့က ရုန်ယိကို မေးလိုက်၏။
"မင်းခန္ဓာကိုယ်က ဘယ်အဆင့်မှာလဲ"

"ရွှေအမြုတေအဆင့်မှာ"

"ရွှေအမြုတေအဆင့်!.."
သူအနည်းငယ် အံ့အားသင့်သွားရသည်။ ရုန်ယိက အနည်းဆုံးတော့ လေဟာနယ်သန့်စင်မှုအဆင့်နဲ့ အထက်မှာရှိမယ်လို့ သူထင်ခဲ့တာဖြစ်လေသည်။
"ကိုယ့်လူတွေက ဝိညာဥ်သိပ်သည်းမှုအဆင့်က တစ္ဆေကျင့်ကြံသူတွေချည်းဘဲ.. ရွှေအမြုတေအဆင့်ဘဲရှိသေးတဲ့ ခန္ဓာကိုယ်က သူတို့လက်ထဲကနေ ဘယ်လိုလုပ်လွတ်မြောက်သွားနိုင်ရတာလဲ"

လေဟာနယ်ပြန်လည်ဖြစ်တည်မှုအဆင့်ရောက်နေတဲ့ ရှို့ကျို့ကလွဲရင် ကျန်တဲ့သူတွေအကုန်လုံးက ဝိညာဥ်သိပ်သည်းမှုအဆင့်ကသူတွေဖြစ်ပြီး လမ်းမှန်ကျင့်ကြံသူတွေရဲ့ မသေမျိုးပြောင်းလဲမှုအဆင့်နဲ့ ညီမျှလေသည်။ သူတို့က ရွှေအမြုတေအဆင့်မှာရှိတဲ့ လူတစ်ယောက်ကို မဖမ်းနိုင်ဘူးဆိုတာက အဓိပ္ပါယ်မရှိပေ ...။ သူတို့တွေက တစ်ကယ်အသုံးမကျတာဘဲဖြစ်လိမ့်မည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now