🌷 မောင့်မဟေသီ 🌷 Part 1
🌷
ရေကျသံ ကြားမှာ နံရံကိုလက်ထောက်ရေချိုးနေသော ခပ်မိုက်မိုက်လူငယ်တစ်ယောက်။ လက်ခုံနဲ့ ကျောမှာ တက်တိုးများရှိသလို ဗလတောင့်တောင့်ပုံစံကြောင့် လူမိုက်ဆိုတာသိသာပါတယ်။ ရေစိုနေသော ဆံပင်ဂုတ်ထောက်ကို သုတ်ခါရင်း အဝတ်အစားဝတ်ဖို့ပြင်ဆင်နေတော့သည်။
ဗီရိုထဲက စပို့တ်ရှပ်တစ်ထည်နဲ့ အင်္ကျီကိုထုတ်ဝတ်ရင်း တလောကမှ နိုင်ငံခြားကဝယ်လာတဲ့ ရေမွှေးကို ဖြန်းလိုက်တော့သည် ။ ဆံပင်ရှည်တွေကို လက်နဲ့ သုတ်ရင်း မခြောက်တခြောက်မှာတင် သားရေကွင်းနဲ့စည်းနှောင်လိုက်တော့သည်။ ဘယ်လိုကြည့်ကြည့် လူမိုက်ရုပ်ပဲမို့ စိုင်းခန့် လွယ်အိတ်ကိုကောက်ယူကာ ဆင်းလာခဲ့တော့သည် ။
" သား ဘယ်သွားမလို့လဲ "
" အော် ဖေဖေ "
ဖေဖေကိုတွေ့တာနဲ့ စိုင်းခန့်ထမင်းစားခန်းထဲ ဝင်ခဲ့တော့သည်
" အော် ဖေဖေ သား ကျောင်းသွားမလို့ "
'' သား ကျောင်းသွားတော့မှာလား။ လာ မနက်စာစားသွား ''
'' တော်ပြီ ကျွန်တော်ကျောင်းရောက်မှစားမှာ။ ''
'' အော် သားကလဲကွာ ဒါနဲ့ဘယ်ကျောင်းတုန်း "
" တက္ကသိုလ်လေ ကောင်မလေးတွေကိုသွားရှိတ်မလို့ အဟဲ "
" သားရာ ယောကျာ်းဆိုတာ တစ်ယောက်ဆိုတစိယောက်ပဲ ချစ်ရတယ်ကွ "
" ယောကျာ်းကောင်း မောင်းမတစ်ထောင်ပါ ဖေဖေရာ "
" ဟော ဒီကောင် "
စိုင်းခန့် သူ့ဗလတွေကို ပြရင်း ဖေဖေ့ကိုစနောက်ကာ စားပွဲပေါ်က ထမင်းကြော်ကိုတစ်ဇွန်း ခပ်စားလိုက်သည်
ထမင်းစားပွဲရဲ့ တစ်ဖက်မှာထိုင်ပြီးပြောနေသောလူသည် သူ၏အဖေ သို့မဟုတ် သူချစ်ရသော လူရိုးကြီး။
'' ပြန်လာမှစားကြမယ်လေ။ သားချက်ကျွေးမယ် ''
'' ဟုတ်ပါပြီဗျာ။ ''
အဖေကိုရီပြရင်း ကျောပိုးအိတ်ကို ပုခုံးပေါ်တင်ပြီးထွက်လာခဲ့သည်။ ပေပေတေတေနေတတ်တဲ့သူမို့. ပကာသနကိုအဲ့လောက်မမက်မော။ ကားတွေ လက်ညိုးထိုးမလွဲ ဝယ်ထားသော်လည်း YBS သာစီးဖို့ထွက်လာခဲ့သည်။ သူပြောနေစကားတစ်ခွန်းရှိတယ်လေ
YOU ARE READING
မောင့်မဟေသီ
RomanceUnicode and Zaw Gyi❗️ Start Date - Dec 25 2021 End Date - July 17 2022 အချစ်ဆိုတာ ဘာလဲသေချာမသိတဲ့သူ့အတွက် ချစ်ခြင်းမေတ္တာကို အသေအချာသင်ပေးနိုင်မဲ့လူပေါ်လာခဲ့မယ်ဆိုလျှင်..... အိပ်ယာပေါ်ကကိစ္စလောက်သိတဲ့လူရှုပ်လေး ဘယ်လိုချစ်မိလာမှာလဲ အချစ်ဆိုတာ ဘာလဲသေချာမ...