It's time to say good bye .
🌷
" ခင်မှုန်း မငိုနဲ့တော့သိလား။ စားမေးပွဲအတွက်အရင်အာရုံစိုက်လိုက်၊ ၂ပတ်လောက်မတွေ့ပဲ ကို့အတွက်ကိုတွေးလိုက်၊ သူ့ကိုခေါင်းထဲကထုတ်ထားလိုက် နော် "
" အေးပါ ငါလေ စာမေးပွဲပြီးရင်တော့သူနဲ့တကယ်ရှင်းမှာ။ ငါ့ဘက်ကထည့်မတွေးဘူး၊ ငါကမိန်းကလေး ငါသဝန်တိုတယ်လေ။ ငါမစာနာလို့ပြောတာမဟုတ်ဘူး လိုတာထပ်ပိုမကူညီစေချင်တာ "
" ငါနားလည်ပါတယ်၊ ဒါပေမဲ့အဲ့ကောင်မလေးကိုထိပ်တိုက် သွားပြောမနေနဲ့၊ နင်တို့ပိုဆိုးသွားရုံပဲရှိမှာ ရှင်းမဲ့ရှင်း ကိုစိုင်းနဲ့သာရှင်း "
" အေးပါ ငါလဲကိုယ်ချင်းစာတတ်ပါတယ်၊ အဲ့ကောင်မလေးကိုငါပြသနာမရှာပါဘူး "
" မှတ်ထားနော် ခင်မှုန်း၊ ဘာတွေပဲဖြစ်လာဖြစ်လာ နင့်ကိုယ်နင်ထိခိုက်စေမဲ့ဆုံးဖြတ်ချက်တွေမချနဲ့။ ကိုယ်ရော စိတ်ရောမထိခိုက်စေနဲ့၊ နင်ကကိုယ့်ကိုကိုယ်နာကျင်အောင် နေမဲ့လူမဟုတ်တာ ငါသိတယ်။ နင့်ကိုအရမ်းနာကျင်စေရင် အရင်ဆုံးတွေးရမှာ လွှတ်ချလိုက်ဖို့ပဲ။ "
" အင်း ငါသိပါတယ်၊ ငါအကောင်းဆုံးဖြစ်စေမဲ့အရာကိုပဲ လုပ်ပါ့မယ်။ နင်ရော အဆင်ပြေနေလား၊ ဘယ်လိုခံစားရလဲ "
" ငါ့ကိုယ်ငါပဲတွေးနေလို့လားမသိဘူး အဆင်တော့ပြေပါတယ်။ သတိတော့ရတာပေါ့ "
" အင်း စာမေးပွဲပြီးတာနဲ့ငါလာခဲ့မယ် အဝင်းမကိုပါခေါ်ခဲ့မယ် "
" ခေါ်ခဲ့၊ ငါစောင့်နေမယ် "
" နင့်ကိုစိုင်းကိုလေ နင်မေးကြည့်လိုက်နော်။ သူကနင့်ကိုဆို ပြောပြမလားမသိဘူး။ အဝင်းနဲ့ကျ မတည့်ကြဘူး အဝင်းမက ကိုစိုင်းကိုအမြင်ကပ်နေတာ "
" အေးပါ ငါမေးလိုက်မယ်၊ စိတ်အေးအေးထားနော် Relax relax "
" အင်း တာ့တာ "
" တာ့တာ "
အမရာ့ဆီကအကြံတောင်းပြီး ဘာဆက်လုပ်ရမလဲစဉ်းစားနေမိသည်။ အနည်းဆုံးအမရာက ခင်မှုန်းထက်ဆာရင်သတ္တိရှိရှိနဲ့ ရုန်းထွက်နိုင်ခဲ့သည်မဟုတ်လား။
YOU ARE READING
မောင့်မဟေသီ
RomanceUnicode and Zaw Gyi❗️ Start Date - Dec 25 2021 End Date - July 17 2022 အချစ်ဆိုတာ ဘာလဲသေချာမသိတဲ့သူ့အတွက် ချစ်ခြင်းမေတ္တာကို အသေအချာသင်ပေးနိုင်မဲ့လူပေါ်လာခဲ့မယ်ဆိုလျှင်..... အိပ်ယာပေါ်ကကိစ္စလောက်သိတဲ့လူရှုပ်လေး ဘယ်လိုချစ်မိလာမှာလဲ အချစ်ဆိုတာ ဘာလဲသေချာမ...