Extra 2

21.8K 643 53
                                    

🌷

" မီးလေး လာတော့၊ ကားပေါ်တက် "

စိုင်းခန့်ခရီးသွားမှာဖြစ်တာကြောင့် Land rover ကားကိုဝပ်ရှော့မှာထားကာ အသေအချာပြင်ဆင်ထားသည်။ ခရီးသွားရင်အကြမ်းပတမ်းအခံဆုံးနဲ့ ကျယ်ဝန်းတဲ့ကားမို့ ပိုင်ဆိုင်တဲ့ကားတွေထဲမှာ ဒီကားကိုအကြိုက်ဆုံးဖြစ်သည်။ သီတင်းကျွတ်ပိတ်ရက်တွေမို့ ကုမ္ပဏီကိုနားကာစိုင်းခန့် မိသားစုကိုသာအချိန်ပေးခဲ့သည်။ ဖေဖေနဲ့ မေမေကအိမ်ချင်းကပ်ရပ်လဲဖြစ်တာမို့ သီတင်းကျွတ်ကိုအိမ်မှာပဲနေပြီး အနားယူကြလိမ့်မည်။ အသက် ၃၅ကျော်လာသည်နှင့်အမျှ လူငယ်ဆန်ခြင်းအနေနဲ့ရှည်လျားသော ဆံပင်တွေကိုစံယောဇဉ်ဖြတ်ကာ မုတ်ဆိတ်အရှည်ထားဖြစ်သည်။ ခင်လေးကမုတ်ဆိတ်နည်းနည်းထူလာတာနဲ့  မောင်က အမွှေးကိုတစ်မျိုးမဟုတ် တစ်မျိုးအရှည်ထားနေတာပဲဆိုပြီး ဝေဖန်တာမို့ခပ်ပါးပါးနဲ့စိမ်းဖန့်နေတဲ့အထိပဲထားဖြစ်သည်။

မိန်းမရပြီးထဲက ကိုယ့်စိတ်နဲ့ကိုယ်ကရှားပြီး ခင်လေးစိတ်နဲ့ မီမီ့ကိုယ်ဖြစ်ခဲ့ရသည်။ ခင်လေးကတစ်တီတူးရင်တက်ကြွတဲ့ စိတ်နဲ့ကြက်ဖကြီးသဖွယ်နေ့မအိပ် ညမအိပ်ခွပ်ပြီး  မီလေးက ဖေဖေရေဆော့မယ်ဆိုတာနဲ့ အလုပ်တွေလက်ဆသတ်ပြီး ဆင်ကြီးလုပ်ပေးရ၊ လေယာဉ်ပျံကြီးလုပ်ပေးရဖြစ်ခဲ့သည်။

" မောင် ပြီးပြီ၊ သမီးကားပေါ်တက်တော့ "

ခင်မှုန်းသမီးလေးကို အနောက်ခန်းထဲတင်ပေးကာခါးပတ်တွေ သေချာပတ်ပေးလိုက်သည်။ ဘေးနှစ်ဖက်မှာအင်္ကျီထုတ်နဲ့ မုန့်ထုတ်တွေကိုအကာအကွယ်အနေနဲ့ တင်ပေးလိုက်သည်။မှန်ကနေတဆင့်ကြည့်လို့ရလောက်တဲ့အထိ လုပ်ပေးပြီးသမီးငယ်ကို Safe ဖြစ်စေသည်။ စိုင်းခန့်ကားထဲဝင်ကာ သမီးလေးပါးကိုနင့်နေအောင်နမ်းပြီးမှ ရှေ့ခန်းမှာခါးပတ်သေချာပတ်လိုက်သည်။ ခင်မှုန်းဘက်ကိုသေချာကြည့်ပြီးမှ ခေါင်းနားမှာဖော့အရုပ်လေးကို ဘေးမှာခုပေးလိုက်သည်။

" တအား safe ဖြစ်နေပါပြီနော် "

" ကိုယ်ကအသက်ကြီးလာပြီကွ စိတ်ပူတတ်တာအရင်ထက်ဆိုးလာပြီ "

လူကြီးဆန်ပြီးတည်ငြိမ်သွားတာကလွဲရင် အရင်လိုစတိုင်အပြတ်မခံပဲ မင်းသားရှုံးအောင်နေတတ်တာမပြောင်းလဲပေ။ ခင်မှုန်းကဂျင်းဘောင်းဘီနဲ့ ကော်လံပါတဲ့crop top ကိုဝတ်ကာကျစ်စံမြီးနှစ်ဖက်ကျစ်ထားသည်။ ဖလန်နယ်ကိုဝတ်ကာ ခရီးထွက်ခြင်း၏လွတ်လပ်မှုကိုအပြည့်အဝခံယူထားသည်။

မောင့်မဟေသီWhere stories live. Discover now