Part 1

67.2K 2.2K 34
                                    

Unicode

"မေမေ ကျွန်တော် အလုပ်သွားပြီ"

သူ့မေမေအား အသံပြုပြီး လမ်းထဲက‌နေ လမ်းပေါ်ပြေးထွက်၍ bus ကားအမှီအပြေးသွားရ၏။ Bus က လွတ်သွားလို့မဖြစ် တစ်စီးလွတ်သွားလို့ နောက်တစ်စီးစောင့်ရရင် အလုပ်ကနောက်ကျတော့မှာဖြစ်သည်။ အခုအလုပ်လေးကို သူအရမ်းသဘောကျတာကြောင့် အလုပ်ကပြုတ်လို့မဖြစ်။ စားပွဲထိုးလုပ်ရင်း စားဖိုမှူး တွေနဲ့ရင်းနှီးအောင်နေပြီး ဟင်းပွဲတွေဘယ်လိုချက်လဲ စပ်စုလို့ရသည်။ ဝန်ထမ်းအချင်းချင်းသင့်တင့်လျောက်ပတ်အောင် ပေါင်းတတ်သင်းတတ်သောကြောင့် သူအလုပ်လုပ်ရာတွင်အဆင်ပြေသည်။ သူဌေးကတော့ customer is always right ပါပဲ။ Customer ဘက်ကမှားလဲ သူတို့အမှားဆိုသောကြောင့် သူတို့အမြဲ ဂရုစိုက်ရ၏။ တစ်ခါတစ်လေ သူဌေးကြောင့်စိတ်ညစ်ပေမယ့် သူအလုပ်တော့မထွက်ဖြစ်။ မေမေမှာက စက်ချုပ်တဲ့ ဝင်ငွေရှိတော့ သူတို့သားအမိ နှစ်ယောက် ဝမ်းစာအတွက်ဖူလုံသည်။ သူ့လစာလေးတွေကို မေမေကစုပေးပြီး သူ သင်တန်းကြေးမများတဲ့ အချက်အပြုတ်သင်တန်းလေးတွေ တတ်ဖြစ်သည်။ သူကချက်ပြုတ်တာ ဝါသနာပါပြီး စာဖိုးမှူးလုပ်ချင်တာဖြစ်၏။

"ပန်းတိမ် ရှေ့မှာ နေရာချပေးလိုက်အုန်း စားပွဲတွေကလူကြပ်နေပြီ"

"ဟုတ်အစ်မ ကျွန်တော် သွားလိုက်မယ်"

ဝန်ထမ်းခေါင်းဆောင် အစ်မပြောတော့ ပန်းတိမ်ငို တစ်ယောက် စောင့်လက်စ ဟင်းပွဲမစောင့်ပဲ ရှေ့ကရောက်လာတဲ့ သူတွေအတွက် နေရာလုပ်ပေးရ၏။ ပန်းတိမ်ငို တဲ့မေမေဒေါ်ပန်းမေက ‌မွေးလာထဲက မျက်ခုံး၊ မျက်စံ၊ နှာတံ၊ ပါးလွှာတဲ့ နှုတ်ခမ်း လေးတွေက လူတိုင်းသဘောကျတာကြောင့် သူ့နာမည်လဲပါအောင် ပန်းထိမ်ဆရာတောင် ပုံဖော်ရခက်မယ့်ငိုရမယ့် ပန်းတိမ်ငိုပန်းကို ယူပြီး ပန်းတိမ်ငို ဟုနာမည်ပေးလိုက်ချင်းဖြစ်သည်။ အမေတစ်ခု သားတစ်ခု နဲ့ သူ့သက်တမ်းတစ်လျှောက်နေခဲ့ရပြီး မေမေရဲ့ စက်ချုပ်တဲ့ဝင်ငွေနဲ့ သူအဝေးသင် အင်္ဂလိပ်မေဂျာနဲ့ ဘွဲ့ရပြီးပြီဖြစ်၏။ အခုဆို သူ့အသက်က ၂၁ ဖြစ်နေပြီး သူက ကုမ္ပဏီဝန်ထမ်းမလုပ်ချင် စားဖိုမှူးဝါသနာပါတာကြောင့် အဝေးသင်တက်ရင်း စားသောက်ဆိုင်တွေမှာ part time လုပ်ပြီး အခုလဲ စားသောက်ဆိုင်ကြီးတစ်ခုမှာ စားပွဲထိုးဝင်လုပ်နေတာဖြစ်၏။ သူအလုပ်လျှောက်တုန်းက စားဖိုမှူးရဲ့ လက်ထောက်နဲ့ဝင်ချင်ပေမယ့် သူ့တတ်ထားတဲ့ ဟင်းချက်နည်းတွေက ဒီစားသောက်ဆိုင်နဲ့မကိုက်ညီတာကြောင့် သူစားပွဲထိုး အနေနဲ့ပဲ အလုပ်ရခဲ့တာဖြစ်သည်။

ကိုယ်ပိုင်တဲ့နေရာ (Complete) Uni & Zawgyi❗Where stories live. Discover now