Part 30

23.1K 1.2K 23
                                    

Unicode

"သမီးနဲ့သား လာခဲ့၊ အဝတ်အစားလဲမယ်"

အခန်းထဲ ပတ်ပြေးနေတဲ့ ၂နှစ်သားအရွယ်ကလေးနှစ်ယောက်ကို ပန်းတိမ့်မှာဆွဲလို့မနိုင်တော့။ ဒီအတိုင်း ‌ဆိုဖာမှာသာထိုင်ချလိုက်၏။ သားရောသမီးရောက အသားဖြူကာ အခုတော့ဝဝကစ်ကစ်နဲ့လုံးလုံး,လုံးလုံးနဲ့ဖြစ်၏။

"ဒယ်ဒိဆီလိုက်သွားမယ်ဆို အဝတ်လဲရအောင်လေမလာဘူးလား ဖေဖေမချစ်ပဲနေလိုက်မှာ‌နော်"

"ရေး ဒယ်ဒိဆီ"

ပန်းဧကရီမာန် လေးကဒယ်ဒီဆိုတဲ့အသံကြားတာနဲ့‌ပြေးလာတော့သည်။

"ဖေဖေချစ်"

အာသောတိမ်မာန်လေးကတော့ ဖေဖေမချစ်တော့ဘူးဆိုတာကို ကြိုက်ပုံမရ။ !ဖေဖေချစ်! ဟုဆိုကာ အနားလာပြီး အဝတ်ဝတ်ပေးတာငြိမ်နေ၏။ ကလေးနှစ်ယောက်လုံးကို pant နဲ့တီရှပ်လေးဝတ်ပေးပြီး သမီးရဲ့ဆံပင်အရှည်လေးကို ကျစ်ဆံမြီးဖွဖွလေးကျစ်ပြီးစည်းပေးလိုက်၏။ ကလေးနှစ်ယောက်ကို ကားထဲမှာထိုင်ခုံလေးထဲထည့်ကာ ခါးပတ်ပတ်ပေးပြီး ပန်းတိမ်က ခြင်းကိုယူကာ ကားပေါ်တက်လာ၏။ ခြင်းထဲမှာလဲ အာသောအတွက် သူကိုယ်တိုင်ချက်ထားတဲ့နေ့လည်စာ ပါသလို ကလေးတွေအတွက်လဲ သူကိုယ်တိုင်ချက်ထားတာဖြစ်၏။ သားနဲ့သမီး မုန့်ပူဆာရင် ကျွေးဖို့ သူကိုယ်တိုင်အသီးချောက်လေးတွေနဲ့လုပ်ထားတဲ့ကွက်ကီးရော ပန်ကိတ်တွေရောပါ၏။ ကလေးရောလူကြီးပါ သောက်ဖို့အတွက် Datox၊ juice တွေရောပါကာ အကုန်လုံး ပန်းတိမ်ကိုယ်တိုင်လုပ်ထားတာဖြစ်သည်။

Arr Mahn Group ရဲ့ဆင်ဝင်အောက်ကားရပ်လိုက်တာနဲ့သူက သားနဲ့သမီးလက်ကိုဆွဲထားရ၏။ လုံခြုံရေးဦးလေးကြီးက ခြင်းကိုလာယူပေးသည်။ ကားမောင်းတဲ့ အစ်ကိုကတော့ ကားပါကင်သွားထိုးနေ၏။ တံခါးအတွင်းဘက်ရောက်တာနဲ့ လုံခြုံရေးဦးလေးက ပြန်ထွက်ရမှာဖြစ်တဲ့အတွက် ခြင်းကိုချပေးခဲ့သည်။ သူဒီအတိုင်းကလေးနှစ်ယောက်လက်ဆွဲကာ ရပ်နေတုန်း ဧကရီလေးက

"ဒယ်ဒီ ဟိုမှာဒယ်ဒီ"

သူကိုင်ထားတဲ့လက်ကိုလှုပ်ကာမော့ကြည့်ရင်းပြော၏။ အာသောက clients နဲ့စကားပြောနေတာဖြစ်လောက်၏။ Clients ကမိန်းကလေးဖြစ်ပြီး သွက်ပုံရကာ ရယ်ကာမောကာနှင့် ရင်းရင်းနှီးနှီးရှိသည့်ပုံစံ။ သမီးက ပန်းတိမ့်လက်ထဲမှာရှိတဲ့သူ့ရဲ့လက်တစ်ဖက်ကိုနောက်လက်တစ်ဖက်နဲ့အတင်းဆွဲထုတ်ကာ ပြေးတော့သည်။ ပန်းတိမ့်မှာသားလက်ကိုဆွဲကာ ခြင်းတစ်ဖက်နဲ့မနိုင်မနင်းလိုက်ရတော့သည်။

ကိုယ်ပိုင်တဲ့နေရာ (Complete) Uni & Zawgyi❗Wo Geschichten leben. Entdecke jetzt