Part 13

21.5K 1.3K 9
                                    

Unicode

ပန်းတိမ် မီးဖိုချောင် ထဲမှာ ဟင်းချက်နေတာဖြစ်၏။ သူငယ်ချင်းဖြစ်သူ ယုမွန်က အိမ်မရောက်တာကြာလို့ အိမ်လာခဲ့အုန်းမယ်ဆိုတာကြောင့် ကျွေးမွေးရအောင်ဖြစ်သည်။ ယုမွန်ဆိုမှ အာသောနဲ့သူ့အကြောင်းကို ယုမွန်ကို မပြောပြရသေး။ ပြောပြရင် ယုမွန် ဘယ်လိုတုန့်ပြန်မလဲ သူမခန့်မှန်းတတ်။

မေမေကတော့ အရင်ကလို စက်အရမ်းမချုပ်တော့။ အော်ဒါယူတဲ့ ဖောက်သည် တစ်ယောက်စ နှစ်ယောက်စပဲ ချုပ်တော့သည်။ ဒါနဲ့ သူတို့ အာသောတို့အိမ်မှာ ထမင်းသွားစားတဲ့နေ့တုန်းက ပြန်လာတော့ မေမေက အန်တီဟေမာန်တို့ ဖော်ရွေကြောင်းကအစ ပြောလို့မဆုံးပေ။ နှစ်ဖက်မိဘ သိသွားတဲ့နောက်မှာတော့ အာသောက အိမ်ကိုအဝင်အထွက်စိတ်လာ၏။ တစ်ခါတစ်လေ တနင်္ဂနွေနေ့လာတတ်ပြီး ပန်းတိမ် ဟင်းချက်နေချိန်ဆိုကူလုပ်ပေးသလိုလိုနဲ့ မီးဖိုချောင်ကမထွက် အနားကပ်နေတတ်၏။ တစ်ခါတစ်လေ အိပ်ချင်လို့ဆိုပြီး ပန်းတိမ့်အခန်းထဲ ဝင်အိပ်နေတတ်သည်။ မေမေကလဲ အာသောကို ချစ်ပါတယ်။ အာသော လာမယ်ဆိုတာ သိရင် အာသောကြိုက်တတ်တဲ့ ဟင်းလေးတွေ ချက်ကျွေးသည်။

သူတို့အိမ် အာသော လာ,လာနေတော့ အိမ်ပြန်ဆောက်ဖို့ မေမေ့ကို တိုင်ပင်ဖြစ်သေးသည်။ ခြံလေးထဲမှာ တစ်ထပ်တိုက်ပုပုလေး ဆောက်မယ်ဆိုရင်တော့ သူတို့သားအမိနှစ်ယောက်တတ်နိုင်ပါသည်။ သူကအခု arr mhan group မှာ အာသောရဲ့အတွင်းရေးမှူးဖြစ်နေတော့ လစာကလဲ များ,များလာ၏။ အရင်အလုပ်သင်အနေနဲ့ဝင်တုန်းကလဲ လစာက တခြားနေရာ‌တွေထပ်များသည်။ အန်တီဟေမာန်တို့က ဖြစ်နိုင်ရင် လစာပုံစံမဟုတ်ပဲနဲ့ တစ်လကို ရာနီးပါး အကောင့်ထဲ ထည့်ပေးချင်နေတာဖြစ်၏။ အဲ့လိုပေးမယ်ဆို လက်မခံဘူးပြောမှ မပေးတော့တာဖြစ်သည်။ သို့ပေမယ့်လဲ တခြား Group တွေရဲ့ လစာနဲ့ယှဉ်ရင် သူ ၅သိန်း ၁၀သိန်း နီးပါးပိုရ၏။ သူ့လစာနဲ့မေမေစက်ချုပ်လို့ရတာနဲ့ဆို ဘယ်လိုဖြစ်ဖြစ် အိမ်တစ်လုံးတော့ ဆောက်နိုင်နေပြီဖြစ်သည်။ သို့ပေမယ့် မေမေက အခုသွပ်မိုးပျဉ်ထောင်အိမ်လေးက အကောင်းအတိုင်းရှိနေသေးတာ‌ကြောင့်မဆောက်ချင်။ အိမ်‌အကောင်းကြီးကိုတော့ မေမေကမဖျက်ချင်။ မေမေ့သဘောအတိုင်းလက်ခံလိုက်သည်။ ဒီသွပ်မိုးပျဉ်ထောင်အိမ်လေးကလဲ သပ်သပ်ရပ်ရပ်ပါပဲ။ မေမေနဲ့သူအတွက် အိပ်ခန်း ၂ခန်းလုပ်ထားသည် အရမ်းတော့မကျယ်ပေမယ့်လို့ပေါ့။ အခန်းထဲမှာ ဗီဒိုအသေးစား တစ်လုံးစီရှိ၏။ မီးဖိုချောင် ကိုကျတော့ မြေကြီးကနေ အုပ်တက်ထားတာဖြစ်ပြီး အိမ်ကြီးဘေးဘက်အပေါက်ကဆင်းရ၏။ မီးဖိုချောင် ထဲမှာ ဘေစင်ပါရှိပြီး ခေါက်စားပွဲအမြင့်ရှိ၏။ ထမင်းစားချိန်စားပွဲချပြီး စားပြီးချိန်တော့ ပြန်ခေါက်ပြီး ထောင်ထား၏။ အိမ်မကြီး‌က အုပ်ဖိနပ်ခံထားတာဖြစ်ပြီး အခုနောက်ပိုင်း အိမ်မကြီးအောက်ကလွဲ၍ အိမ်ပတ်ပတ်လည်ကို ကွန်ဂရစ်တွေခင်းထား၏။ အိမ်မကြီးမှ မီးဖိုချောင် ကိုဆင်းတဲ့အပေါက်အပြင် နောက်ဖက်မှာ ရေချိုးခန်းနဲ့ toilet ကို ဆင်းတဲ့အပေါက်လုပ်ထား၏။ ရေချိုးခန်းနဲ့ toilet ကအုပ်တွေနဲ့သီးသန့်ဆီလုပ်ထားတာဖြစ်သည်။ အိမ်ကသာ တိုက်မဟုတ်သေးတာပါ ကျန်တာတွေက အုပ်တွေနဲ့ဖြစ်ကုန်ပြီဖြစ်သည်။ အိမ်ရှေ့ကိုတော့ အဖီချလိုက်ပြီး အဆောင်ထုတ်ထား၏။ မေမေက အဲ့ဒိမှာ အခုနောက်ပိုင်း စက်ချုပ်တာဖြစ်ပြီး စက်နဲ့ပတ်သတ်တဲ့အသုံးအဆောင်တွေ အကုန်လုံးကလဲ အဲ့ဒိအဆောင်ထဲမှာပဲထားတော့သည်။

ကိုယ်ပိုင်တဲ့နေရာ (Complete) Uni & Zawgyi❗Where stories live. Discover now