Part 26

21.8K 1.3K 11
                                    

Unicode

အာသောမာန်က ရုံးပြန်တက်နေပြီဖြစ်ပြီး တစ်ဖက်ကလဲ ပန်းတိမ့်ကိုနေ့စဉ်မပြတ်ရှာနေ၏။ သူလဲအန်နေဆဲပဲဖြစ်ကာ အစားအသောက်ရွေးနေဆဲ။ မင်းလူမှာလဲ အာသောမာန်စိတ်အလိုမကျမှန်းနေတာကြောင့် အခြေအနေတွေကြည့်နေရ၏။ အာသောက ရုံးပြန်တက်မှ သူဖြတ်သွားတဲ့တစ်လျှောက်မှာ ဟင်းနံ့တွေရရင် မင်းလူကိုပဲဆူသည်။ မင်းလူမှာ တစ်နေ့တစ်နေ့ အာသောဝယ်ခိုင်းတဲ့ ပေါက်ပေါက်ရှာရှာ လက်သုတ်ချဉ်တွေဝယ်‌ပေးရကာ စားဖို့သောက်ဖို့ပြင်ပေးရသည်။ အခုလဲ အထဲဝင်လာပြီဖြစ်တဲ့ အာသောကြောင့် မင်းလူကနေရာမှမတ်တပ်ရပ်ကာ လက်ကလေးကိုယှက်ထား၏။ အာသော သူ့ရှေ့ကဖြတ်သွားပြီးမှထိုင်လိုက်တော့သည်။ ဒါပေမယ့် ချက်ချင်းပြန်ထလိုက်ရတဲ့မင်းလူ အာသောက ရှေ့ရောက်သွားမှ နောက်ကြောင်းပြန်လှည့်ကာ သူ့စားပွဲရှေ့တည့်တည့်မှာရပ်နေ၏။ ပြီးတာနဲ့ သူ့ကိုမကြည့်ပဲ စားပွဲပေါ်တင်ထားတဲ့ ကိတ်ကိုကောက်ယူပြီးမှ သူ့ကြည့်ပြီး

"ငါဒါကိုယူသွားမယ်"

"ဟုတ်ကဲ့ ရပါတယ် MD"

သူ့ကိုဆူမယ်ထင်ထားပေမယ့် မဆူတော့ရင်လေးနေတာကျသွား၏။ ဘာပဲဖြစ်ဖြစ်တော်သေးတယ် ကိတ်ကိုယူသွားတာ ကိတ်ကနောက်ရက်မှာစားလို့ရတယ် ဟူ၍။ အထဲက အာသောမာန်ကတော့ မင်းလူဆီက ယူလာတဲ့ကိတ်ကိုကြည့်ကာ စားကြည့်ရင်ကောင်းမလားတွေးနေ၏။ သူ စားပွဲရှေ့ကဖြတ်သွားတော့ ကိတ်အနံ့ကထူးခြားပြီး သူအန်ချင်စိတ်တွေမဖြစ်။ စားပြီးမှ အန်ရင်ရော! သူစားဖို့ဝန်လေးနေသည်။ ပြန်အန်ထွက်လာမှာ သူမလိုလား။ ဘာပဲဖြစ်ဖြစ်နောက်ဆုံးတော့ ထိပ်ကိုစုပတ်ထားတဲ့ ငွေရောင်ကြိုးစလေးကိုဖြည်ကာ စားကြည့်လိုက်သည်။

ကလင်~~~~~

မင်းလူးရှေ့က ဖုန်းမြည်လာတာကြောင့် ကောက်ကိုင်လိုက်၏။

"ဟုတ်ကဲ့ အမိန့်..."

"အခုချက်ချင်း အထဲလာခဲ့"

"ဟုတ်က....."

ဖုန်းကချသွားပြီဖြစ်သည်။ ဖုန်းခွက်လေးကိုကြည့်နေရင်း အမြန်ချကာအထဲသို့အပြေးတစ်ပိုင်းနဲ့ဝင်ပြေားလိုက်တော့၏။

ကိုယ်ပိုင်တဲ့နေရာ (Complete) Uni & Zawgyi❗Nơi câu chuyện tồn tại. Hãy khám phá bây giờ