Part 29

22.5K 1.2K 15
                                    

Unicode

တင်!

ခွဲခန်းတံကားပွင့်လာကာ နာစ့်တစ်ယောက်ထွက်လာပြီး ကလေးတွေ ကိုယ်လက်အင်္ဂါစုံလင်ကြောင်း၊ ကလေးရော လူကြီးပါ ကျန်းမာကြောင်း၊ ချုပ်ရိုးပြန်ချုပ်နေပြီဖြစ်ကြောင်း ထွက်ပြောပြလာ၏။ အဲ့တော့မှ အာသောလဲ ထိုင်ခုံပေါ်ထိုင်ကျသွားတော့သည်။ အခန်းထဲမှာ လူစုံတက်စုံပါပဲ အိမ်ရှိလူကုန်ရောက်ချလာတာဖြစ်၏။ ကလေးနှစ်ယောက်ကလဲ ငြိမ်သက်နေပြီး မိန်းကလေးကအကြီးလေးဖြစ်ပြီးယောကျာ်းလေးက အငယ်လေးဖြစ်သည်။

"ကိုကို အရမ်းနာနေလား"

"ရတယ် ကိုယ်မနာဘူးအာသော မငိုနဲ့တော့"

သူ့လက်ကိုကိုင်ကာ တဖွဖွမေးနေရင်း လက်ကလေးကိုနမ်းလိုက် လုပ်,လုပ်‌နေတာ အာသောပါ။ သားနဲသမီး နှစ်ယောက်စလုံးကလဲ အမွှာမဟုတ်ဘူးပြောကြမှာဆိုးလို့လားမသိဘူး ရုပ်ကလေးတွေက တထပ်ထဲဖြစ်၏။ တစ်ခုပဲ သမီးလေးက အပေါ်နှုတ်ခမ်းဘယ်ဘက်ထောင့်အပေါ်လေးမှာ မှဲ့လေးတစ်လုံးပါ၏။

>>>>>>>>>>>>>>>>>>>

အခုတော့ပန်းတိမ်ကမီးငယ်အား ကိတ်ဆိုင်ကို လုံးဝဦးစီးခိုင်းလိုက်ရသည်။ မီးငယ်ကလဲ မျက်နှာလွှဲလို့ရလောက်အောင်တော်၏။ အာသောကတော့ ရုံးကိုတစ်ပတ်တစ်ရက်တက်သည်။ ပန်းတိမ်ကတော့ အိမ်မှာ ကလေးတွေနဲ့လုံးလည်လိုက်နေတာပါပဲ။ သမီးလေး ပန်းဧကရီမာန်က တခြားသူတွေနဲ့ဆိုစွာပေမယ့် သူ့မောင်လေး အာသောတိမ်မာန် နဲ့ဆိုရင် ရိုက်သမျှငြိမ်ခံ၏။ အဲ့ဒါကြောင့် သားငယ်ကလဲ သူ့မမဆို တဖက်ဖက်နဲ့ရိုက်ပုတ်နေတော့တာပဲ။ အဖွားနှစ်ယောက်ကလဲ ကလေးကိုလက်ကမချအောင်ချီသည်။ ဒီကြားထဲ မမကျူးရင့်တို့လင်မယားရောက်လာရင်လဲ ကလေးတွေကသူတို့လက်ထဲပါသွားပြီး တော်တော်နဲ့မချ။

"မေမေ သမီးလေးကို လာခေါ်ပေးအုန်း သားငယ်ကဒီမှာ မပြီးသေးလို့"

"အေး လာပြီ လာပြီ၊ သမီးလေးရေ မီးလေးရေ ဖွားဆီလာပါအုန်း"

မေမေက အပြင်မှာ ကလေးတွေကို တိုက်ဖို့နို့မှုန့်ဖျော်ပြီးယူလာပေးကာ ရေချိုးနေမှန်းသိလို့အခန်းထဲ သိမ်းစရာရှိတာတွေသိမ်းပေးရင်းစောင့်နေတာဖြစ်သည်။

ကိုယ်ပိုင်တဲ့နေရာ (Complete) Uni & Zawgyi❗Where stories live. Discover now