Unicode
"လီချာဝူး!! မင်းသတိရလာပြီလား!"
အခန်းထဲဝင်လိုက်သည်နှင့် နိုးနေပြီဖြစ်သည့်လီချာဝူးကြောင့် ကုတင်နားသွားကာမေးလိုက်သည်။
"မင်းသက်သာရဲ့လား"
မေးသာမေးရသည်။ အခြေအနေဘယ်လောက်ဆိုးလဲ သူတို့အသိဆုံး။ တစ်သက်လုံး ဒုက္ခိတတောင်ဖြစ်သွားနိုင်သည်ဟု ဆရာဝန်ကပြောထားတာ။ နိုးနေပေမယ့်လည်း စကားသိပ်မပြောနိုင်သေးတာကြောင့် ခေါင်းသာအနည်းငယ်ညိတ်ပြသည်။
"သားဒီမှာခဏနေဦး မာမီချာဝူးအတွက်ဆန်ပြုတ်သွားပြုတ်လိုက်ဦးမယ်"
လီချာဝူးကို ဆေးရုံမှအိမ်ပြန်ခေါ်လာပြီး ဒယ်ဒီပို့ပေးထားသည့် နိုင်ငံခြားမှဆရာဝန်များနှင့်ကုသစေသည်။ မာမီလည်း ဆေးရုံနှင့်အိမ်အသွားအပြန်လုပ်စရာမလိုတော့။
"Ju.. Jung.. kook ရော"
တစ်လုံးချင်းအားယူပြီးမေးသည်က Jungkookကို။
"ဆေး.. ဆေး ရုံကို လာ သွားတယ် ဆို"
"အဲ့နေ့တည်းက ငါနဲ့Jeonစကားများပြီးလမ်းခွဲလိုက်ပြီ"
မျက်မှောင်ကုတ်ကာကြည့်နေသည်က ကိုယ်ကပဲမှားနေသလို။
"ငါ ငါ့ဆီ လာတာ မင်း.. မင်းက ဘာ ပြဿနာ အဟွတ် အဟွတ် ရှာလိုက် တာ လဲ"
လီချာဝူးသာ အိပ်ယာထဲလဲနေသည့် လူနာတစ်ယောက်မဟုတ်လျှင် လီချန်းဖြတ်ရိုက်လိုက်မှာ။ သူသာ Kim Seokjinကိုသွားမထိလျှင် ခုလိုပြဿနာတွေဖြစ်လာမည်တဲ့လား။
"Kim Namjoonမဟုတ်လား မင်းကိုခုလိုဖြစ်အောင်လုပ်တဲ့လူက"
ဆေးသွင်းထားသည့်လီချာဝူးလက်မှသွေးကြောတွေထောင်ထလာသည်က ခံပြင်းဒေါသထွက်နေပုံ။
"ငါ... ငါသေ.. ချာ မသိ ဘူး ဒါ ဒါပေမယ့် အဟွတ် အဲ့လူက လွဲရင်ဘယ်သူဖြစ်နိုင် သေး လို့လဲ အဟွတ် အဟွတ်"
လီချန်း စားပွဲပေါ်မှ ရေခွက်ထဲသို့ရေထည့်ကာပေးလိုက်သည်။
"Jeonရောမဖြစ်နိုင်ဘူးလား"
"Jungkookက ငါ့ကို ဒီ လို လုပ်မှာမဟုတ်ဘူး"
YOU ARE READING
DELICATE PAIN