Unicode
"အာာ.. ဧည့်သည်ရောက်နေတာပဲ.. ဒါဆို ကျွန်တော်ခဏနေမှ ပြန်ဝင်လာခဲ့မယ်Joon"
"သဲတုန်!"
Namjoonခေါ်သံကြောင့် အပြင်ထွက်ပေးရန်ပြင်နေသည့်seokjin ပြန်လှည့်ကြည့်လိုက်သည်။
"ဟင်"
"သူကပြန်တော့မှာ ဟုတ်တယ်မဟုတ်လား"
Jeon Young Seok Namjoonကိုကြည့်လိုက်သည်။ အခုသူ့ကို အနုနည်းနဲ့နှင်ထုတ်နေတာပေါ့လေ။ သူကလည်းပြန်တော့မှာ မှန်ပေမယ့် ခုလိုပြောသည်ကတော့ နည်းနည်း..။
"အင်း"
Namjoonလက်ထပ်လိုက်သည့်ကောင်လေးအား တစ်ချက်ကြည့်ပြီး သူထွက်လာခဲ့သည်။
Kim Seokjin.. Kim Seokjinတဲ့လား..။ Namjoonရော သားပါ သဘောကျနေတဲ့သူပေါ့။ မင်္ဂလာပွဲတုန်းက အဝေးကနေသာလှမ်းမြင်ခဲ့သည်။ အခုတော့အနီးကပ်တွေ့ရပြီ။
ထူးဆန်းသည်။ ဒီကောင်လေးနှင့်ပတ်သက်၍ ခံစားချက်သိပ်မကောင်းပေ။
"ခုဏက ဘယ်သူလဲဆိုတာ မမေးတော့ဘူးလား"
စားပွဲပေါ်မှ ဖိုင်တွေကို တစ်ရွက်ပြီးတစ်ရွက် လှန်လှောနေရာမှရပ်လိုက်ပြီး Namjoonအားပြုံးပြကာ..။
"Joonပြောချင်ရင် ကျွန်တော့်ကိုပြောပြမှာပဲလေ"
Namjoon seokjin၏ မျက်ဝန်းတွေကို သေချာကြည့်မိသည်။
ဒီတိုင်းသူ့ကိုအခက်မတွေ့စေချင်၍လား။ ဒါမှမဟုတ် သူဘယ်သူနဲ့တွေ့တွေ့ မဆိုင်ဘူး.. ပြောပြချင်ရင်တော့ ပြောပြလို့ရတယ်.. ဆိုသည့် အဓိပ္ပါယ်လား။"ကျွန်တော် သန့်စင်ခန်းခဏသွားလိုက်ဦးမယ် Joon"
seokjin သန့်စင်ခန်းထဲရောက်သည်နှင့် အိမ်သာအခန်းတွေအား လူရှိမရှိ စစ်ဆေးလိုက်သည်။ ပြီးနောက် ဖုန်းနံပါတ်တစ်ခုအား ချက်ချင်းခေါ်လိုက်သည်။
"hyung.."
"မောင့်ဒယ်ဒီကိုတွေ့ပြီ"
"hyung.. hyungပြောတာက.."
"ဟုတ်တယ်.. မောင့်ဒယ်ဒီကိုတွေ့ပြီ"
"တကယ်လားhyung!"
"ရူးနေလို့ ငါကမောင့်ကိုနောက်ရမှာလား"
"ဘယ်မှာလဲ.. ဘယ်မှာတွေ့တာလဲ"
YOU ARE READING
DELICATE PAIN