Unicode
"Kim Namjoon!!!"
ခန်းမကြီးတစ်ခုလုံးတိတ်ဆိတ်သွားသည်။
ဂေါက်! ဂေါက်! ဂေါက်!
ခန်းမလျှောက်လမ်းပေါ်သို့ တစ်လှမ်းချင်းလျှောက်လာသည့် ခြေသံကအခန်းတွင်းဟိန်းထွက်လာသည်။
"ဟက်... အချိန်ကိုက်ရောက်လာတာပဲ"
Namjoon၏တီးတိုးရေရွတ်လိုက်သံကို ဘယ်သူမှမကြားပေမယ့် seokjinကတော့ကြားလိုက်သည်။ seokjin သူတို့ထံဦးတည်ပြီးလျှောက်လာနေသည့် လူကိုတလှည့် Namjoonအားတစ်လှည့်ကြည့်၍သာ အခြေအနေကိုအကဲခတ်နေ၏။
"Wowww!!.... ဒီလိုခမ်းနားတဲ့ပွဲကို မိတ်ဆွေဟောင်းဖြစ်တဲ့ ကျွန်တော့ကိုတော့ဖိတ်သင့်ပါတယ်ဗျာ ခင်ဗျားတော်တော်နေနိုင်တဲ့လူပဲ"
လျှောက်လမ်းတစ်ဝက်လောက်တွင် Tae Hyungရပ်လိုက်သည်။
seokjin၏လက်ကို Namjoonဆုပ်ကိုင်ထားလိုက်၏။
ရှေ့ဆုံးခုံမှာပျင်းတွဲတွဲထိုင်နေသည့် Jungkookတောင် ခါးမတ်လာပြီ။
"အဲ့ဒါဘယ်သူလဲ"
"မင်္ဂလာပွဲဖျက်ဖို့လာတဲ့သူလား"
"စီးပွားရေးပြိုင်ဘက်နေမှာပေါ့"
"ငါတစ်ခါမှမမြင်ဖူးဘူး ငါတို့သတင်းယူထားသင့်လား"
"နောက်နေတာလား!.. ရိုက်ကူးခွင့်မှမပေးထားတာ ပြီးတော့ ဘယ်မှာလဲကင်မရာ.."
"ဖုန်း.. ငါတို့မှာဖုန်းပါတာပဲ"
"ရူးနေလား~ ဒီသတင်းယူပြီးတာနဲ့ ကျိန်းသေတယ် ဒီခန်းမထဲကထွက်ရင်ခင်ဗျားအသက်ပါမှာမဟုတ်ဘူး"
နောက်ကတိုးတိုး,တိုးတိုးပြောနေသည့် သတင်းထောက်တစ်ချို့ကို လီချန်းစိတ်ရှုပ်လာသည်။ ဒီလိုအာဏာရှိလူတွေရဲ့ပွဲဆိုတာက လူတိုင်းသိပေမယ့် လူတိုင်းမလာနိုင်ဘူးဆိုတာမျိုး။ ပွဲအတွင်းဖြစ်သမျှ သတင်းယူမယ့် ကြွက်လိုသတင်းထောက်မျိုးတွေကိုဆိုပိုဆိုးတာပေါ့။ လူကြားကောင်းအောင်ချပြချင်သည့် ဟန်ပြသတင်းတစ်ချို့အတွက်သာ သူတို့လူနည်းစုကိုသွင်းရင်သွင်းထားမှာ။ သူ့နောက်က ကြွက်တွေကလည်း ဘယ်ချောင်ကဖောက်ပြီးရောက်လာလဲမသိပေမယ့် တကယ်လုပ်ရဲကြသည့်သတ္တိတွေတော့မရှိ။
YOU ARE READING
DELICATE PAIN