Unicode
"ဒီတော့ မင်းပွဲကိုရောက်လာတာလား"
"ငါ.. ငါ ပွဲထဲမဝင်လာပါဘူး ဒီတိုင်း.. သားကိုတွေ့ချင်လို့"
Namjoonလက်ထဲကဆေးလိပ်ကို ပြာခွက်ထဲထိုးချေလိုက်သည်။
"Kim Tae Hyungလည်း တွင်းထဲကထွက်လာပြီပဲ မင်းလည်းဖုံးကွယ်ပြီးနေစရာမလိုတော့ဘူး"
Jeon Young Seokမျက်လုံးတွေ အရောင်တောက်လျက်။
"ဒါဆိုသားနဲ့.."
"မလောနဲ့.."
"ခုချိန်မှာ မင်း Jungkookနဲ့တွေ့လို့ရရင်တောင် မင်းငါ့ထိန်းချုပ်မှုအောက်မှာပဲရှိရမယ်.. Jungkookအတွေးတွေကိုငါသိတယ် ဒီကောင်လေးငြိမ်နေတာမင်းကြောင့်.."
မဟုတ်ရင် ငါ့လက်ထဲကနေ သဲတုန်ကို မရ,ရတဲ့နည်းနဲ့ ခေါ်ထုတ်သွားမှာဟူ၍တော့မပြောဖြစ်တော့။ သဲတုန်အနားမှာ Jungkookရှိနေတာကို သူအစိုးရိမ်ဆုံးပင်။
"Kim Tae Hyungသေသွားပြီးရင် အဲ့ဒီအချိန်ကျမှ Jungkookကိုခေါ်ပြီး ငါတို့နဲ့အဝေးဆုံးကိုထွက်သွားကြ"
Jeon Young Seok သူ့ရှေ့မှKim Namjoonကို သေချာကြည့်လိုက်သည်။
"မင်း.. သားကို နည်းနည်းလေးမှမချစ်ဘူးလား"
တိတ်ဆိတ်နေသည့်Kim Namjoonက မည်သို့မျှပြန်မဖြေ။ သူ့အကြည့်တွေကိုလည်း ရှောင်ဖယ်သွားခြင်းမရှိ။ ဘာပါလိမ့်.... အဖြေနှစ်မျိုးထွက်နေတဲ့ ခံစားချက်ကြီးက။ အဖေအရင်းမဟုတ်တဲ့သူတောင် သားကိုပြောမပြတတ်အောင်ချစ်တာ။ အဖေအရင်းဖြစ်သည့်လူကရော....။
Kim Namjoonကတကယ်ပဲ နှလုံးသားမရှိသည်လား။ မဟုတ်ဘူး..။ မင်္ဂလာပွဲတုန်းက သတို့သားကောင်လေးအပေါ်ကြည့်သည့် Kim Namjoonရဲ့မျက်ဝန်းတွေကို သူတွေ့သည်။ ပြီးတော့.. သားရဲ့မျက်ဝန်းတွေကိုရော။
"သားက မင်းနဲ့တူတယ်.."
မျက်ခုံးပင့်လိုက်သည့် Kim Namjoonက ဆက်ပြောဟူသည့်သဘော။
"အရမ်းခေါင်းမာတယ်.. သူ့စိတ်သဘောထားမပါရင် ငါခေါ်ထုတ်လဲ လိုက်မှာမဟုတ်ဘူး.. သားကို ဟိုကောင်လေးနားက ဖယ်ထုတ်သွားစေချင်နေတာမဟုတ်လား.. ခုလည်းငါနဲ့အကျပ်ကိုင်ပြီး သားကိုမင်းထိန်းချုပ်ထားတာ မဟုတ်ရင် သားတစ်ဇွတ်ထိုးလုပ်သွားမှာ မင်းစိုးရိမ်နေတယ်"
YOU ARE READING
DELICATE PAIN