*128* ကျွန်တော်သူ့ကိုအရမ်းသဘောကျတယ်

9K 1.5K 58
                                    

ဝါဂွမ်းလုံးကြီးကို လက်သီးနဲ့ထိုးနေရသလိုခံစားနေရတာကြောင့် ဒုတိယအကြီးအကဲနဲ့တတိယအကြီးအကဲတို့မှာ အောက်နှုတ်ခမ်းကိုဖိကိုက်ကာ အံကြိတ်လိုက်မိကြသည်။ ဒါကိုတွေ့တဲ့အခါ ခန်းမထဲက အစေခံတွေခမျာ တော်တော်လေးရယ်ချင်သွားကြပေမဲ့ မရယ်မိအောင် မနည်းထိန်းထားကြရ၏။  တစ်ချိန်တည်းမှာဘဲ ဒီလိုတုံးအချင်ယောင်ဆောင်နေတဲ့ သူတို့သခင်လေးကို တော်တော်လေးစားမိသွားကြသည်။

တတိယအကြီးအကဲမှာ အသက်ပြင်းပြင်းရှူလိုက်မိသည်။ သူ့ကို သိသိသာသာကို အရိပ်အမြွက်ပြပြီးပြီလို့ သူတော့ထင်သည်။ သူက သူတို့သခင်လေးအတွက် မသင့်တော်ဘူးလို့ ထုတ်မပြောရုံတမယ်ပင်။

ဒုတိယအကြီးအကဲမှာ မျက်နှာကြီးမည်းမှောင်သွားပြီး
"ကျုံးဟိုင်နယ်မြေက နံပါတ်တစ်ဂိုဏ်းဆိုတာ တုံထန်းနယ်မြေမှာဆိုရင် ထိပ်ဆုံး ငါးရာထဲကိုတောင်မှ မဝင်နိုင်ဘူး"

ရုန်ယ်က ခွန်းတုံ့ပြန်လိုက်၏။
"မဖြစ်နိုင်တာ... ကျိုရွှီဂိုဏ်းမှာ ကျွန်တော်သာရှိနေရင် အနည်းဆုံးတော့ ထိပ်ဆုံး ၅ဆင့်ထဲဝင်နိုင်ပါတယ်"

ဒုတိယအကြီးအကဲနဲ့တတိယအကြီးအကဲ "......"

ဒီကောင်လေးရဲ့ ယုံကြည်ချက်တွေက ဘယ်ကနေများ ရလာရတာလဲ...။

ဒုတိယအကြီးအကဲက အသံတိမ်တိမ်နဲ့ပြောလိုက်သည်။
"မိစ္ဆာကျင့်ကြံသူ အမေတစ်ယောက်ရှိနေတဲ့သူကို ယင်မိသားစုက ဘယ်တော့မှ လက်ခံပေးမှာမဟုတ်ဘူး"

"ဒါက လွယ်ပါတယ်.. ကျွန်တော့်အမေကို သူ့ရဲ့ကျင့်ကြံခြင်းနည်းလမ်းကို ပြောင်းခိုင်းလိုက်မယ်လေ"

တတိယအကြီးအကဲရဲ့နဖူးပေါ်မှာ သွေးကြောတွေတောင် ထောင်တက်လာရ၏။
"ဒါပေမဲ့ သူကမွေးထဲက မိစ္ဆာကျင့်ကြံခြင်းလမ်းစဥ်ကို လိုက်လာတာလေ..သူ့ရဲ့ မိစ္ဆာဆန်ဆန်အမူအကျင့်တွေကိုတော့ ဘယ်လိုလုပ်ပြောင်းလဲလို့ရမှာလဲ"

အရမ်းသန့်စင်ပြီး တုံးအတဲ့ တစ်စုံတစ်ယောက်နဲ့ ရင်ဆိုင်ရတာ အရမ်းလွယ်ကူမယ်လို့ သူတို့တွေးခဲ့ကြပေမဲ့လည်း စိတ်ကူးထားတာနဲ့ ဆန့်ကျင်ဖက်ဖြစ်စွာနဲ့ သူတို့ဘာပြောပြော တစ်ဖက်သူက စိတ်ထဲတောင်မထည့်တာကြောင့် သူတို့မှာ ရူးသွပ်လုနီးနီးပင်..။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now