*129* ကျွန်တော်တို့သားကပါရမီရှင်လေးဘဲ

8.9K 1.5K 32
                                    

ရုန်ယိနဲ့ ယင်ကျင်းရဲ့တို့ ခန်းမထဲကိုရောက်တဲ့အခါ ဝတုတ်နေတဲ့ လူငယ်လေးတစ်ယောက်က ခန်းမအလယ်မှာ သူတို့ကို စောင့်နေတာကို တွေ့လိုက်ကြရ၏။

သူတို့ကို တွေ့တဲ့အခါ ထိုလူငယ်က ချက်ချင်းဘဲ ယင်ကျင်းရဲ့ကို နှုတ်ဆက်လာသည်။
"ကျုပ်က ဟိုင်ရှန်းမြို့ခေါင်းဆောင် ကွမ်းခွန်ရှန်းပါ.. နှုတ်ဆက်ပါတယ် သခင်ယင်"

ဒီကို ကူးပြောင်းလာတဲ့အချိန်ကတည်းကနေစပြီး ဒါပထမဆုံးအကြိမ် ဟိုင်ရှန်းမြို့ခေါင်းဆောင်ကို ရုန်ယိ တွေ့ဖူးတာဖြစ်လေသည်။ သူ့ရဲ့အမူအယာအရဆိုရင်တော့ သူက ယင်ကျင်းရဲ့ ဘယ်သူဆိုတာကို သိထားပြီးတဲ့ပုံပင်..။

ယင်ကျင်းရဲ့က ထိုင်ပြီးမှသာ ပြန်ပြောလိုက်၏။
"ဘာကိစ္စလဲ"

"သခင်ယင် သိတဲ့အတိုင်းဘဲ.. ဒီရက်ပိုင်း ကျုပ်တို့မြို့နဲ့ အနီးအနားမြို့က ကျင့်ကြံသူအတော်များများ အသတ်ခံခဲ့ကြရတယ်လေ.. အကုန်လုံးက သူတို့ရဲ့ဝိညာဥ်ကို ဆွဲထုတ်ရင်ထုတ် မဟုတ်ရင် ဝိညာဥ်စွမ်းအားတွေအကုန် စုပ်ယူခံလိုက်ရတာချည်းဘဲ.. အရမ်း ရက်စက်တဲ့နည်းလမ်းတွေသုံးခဲ့တာ.. ကျုပ်ကတော့ တစ္ဆေကျင့်ကြံသူတွေ ၊ မိစ္ဆာကျင့်ကြံသူတွေ ဒါမှမဟုတ် သားရဲကျင့်ကြံသူတွေကသာ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ အတတ်တွေသုံးမယ်လို့ ထင်တယ်.. ကျုပ်နဲ့ တစ်ခြားမြို့ခေါင်းဆောင်တွေက ဒီကိစ္စကို စုံစမ်းဖို့အတွက် လူတွေလွှတ်ခဲ့ပေမယ့်လည်း ဘာသဲလွန်စမှမရခဲ့ဘူး.. ဒီမနက်ကျမှသာ ဂိုဏ်းအသီးသီးက ကျင့်ကြံသူအချို့က ကျုပ်တို့ဆီ ဒီကိစ္စလာတင်ပြပြီး အဲ့ဒီလူတွေကို သတ်တာက ရန်ချိုးရွှမ်လို့ ပြောပြကြတာ.. သူက ဟယ့်ဟွမ်ခန်းမကလူဖြစ်တဲ့အပြင် လီယွိမြို့သခင်မလည်း ဟုတ်တယ်လေ.. အခု အဲ့ကျင့်ကြံသူတွေက သူတို့ရဲ့ဂိုဏ်းသားတွေအတွက် တော်တော့်ကို လက်စားပြန်ချေချင်နေကြတယ်"

တစ္ဆေကျင့်ကြံသူတွေ ၊ မိစ္ဆာကျင့်ကြံသူတွေနဲ့ သားရဲကျင့်ကြံသူတွေကသာ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ အတတ်တွေသုံးလိမ့်မယ်ဆိုတဲ့ စကားကိုကြားလိုက်တဲ့အခါ ယင်ကျင်းရဲ့က မျက်လုံးတွေ အနည်းငယ်မှေးစင်းလိုက်ပြီး ပုံမှန်လေသံနဲ့ဘဲ ပြန်မေးလိုက်၏။
"ဒီတော့ ခင်ဗျား ဒီ်ကိုလာတာက ဒါကိုလုပ်တဲ့သူက ရန်ချိုးရွှမ်ပါလို့ ခင်ဗျားလည်းထင်လို့ပေါ့"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now